#Local_News
Published_7 Feb 2025
▪️ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၅၂ဝဝ ကျော်တန်ဖိုးရှိစိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
▪️ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ကဖေဖော်ဝါရီလ ၃ ရက် မွန်းတည့် ၁၂ နာရီအချိန်ခန့်ကဝမ်တာပုံကျေးရွာအနီးတွင် မိုင်းခတ်မှ ကျိုင်းတုံဘက်သို့ စိုင်းလုံဝန်း မောင်းနှင်လာသည့် TOYOTA PROBOX မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်၏ကိုယ်ထည်အံဝှက်များ အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅,၂၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၆၂ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါး ကက်တမင်း များအား မိုင်းယန်းမြို့နယ်၊ မိုင်းဖျန်မြို့မှ မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေး ယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကိုဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။
#Yangon_Times/PP