#Local_News
Published 7 February 2025

▪️ ကမ္ဘာ့မိုးလေ၀သနေ့ အထိမ်းအမှတ်အဖြစ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ဆောင်းပါးပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီမှ သိရသည်။

▪️ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၆၅) ကြိမ်မြောက်၊ ကမ္ဘာ့မိုးလေ၀သနေ့ အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်တွင် မတ်လ (၂၃)ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါအခမ်းအနားအတွက် အလွတ်တန်းဆောင်းပါးပြိုင်ပွဲကို "သဘာ၀ဘေးကြိုတင်သတိပေးချက် ပြည့်စုံ ကောင်းမွန်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး" ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ပြိုင်ပွဲဝင်ဆောင်းပါးများကို ပညာရှင်များပါဝင်သော ဆုများစိစစ်ရွေးချယ်ရေးအဖွဲ့ဖြင့် ပွင့်လင်းမြင်သာမှု ရှိစွာ စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး ပထမဆု ကျပ် (၅) သိန်း၊ ဒုတိယဆုကျပ် (၃) သိန်း၊ တတိယဆု ကျပ် (၂) သိန်း စုစုပေါင်း (၃)ဆုကို ဆုငွေနှင့် ဆုတံဆိပ်များ ချီးမြှင့်သွားမည်ဖြစ်ကြာင်း သိရသည်။

▪️ ပြိုင်ပွဲဝင်ဆောင်းပါးများကို (Hard/ Soft-copy) တစ်စုံစီ၊ ကိုယ်တိုင်ဖန်တီးရေးသားထားကြောင်း ဝန်ခံကတိပြုချက်၊ ပြိုင်ပွဲဝင်သူ၏အမည်၊ မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ပတ်စပို့ အရွယ် ရောင်စုံဓါတ်ပုံ (၃) ပုံ၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်တို့နှင့်အတူ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ ဖြစ်စေ၊ ဥက္ကဌ၊ ဆောင်းပါးပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၊ ကမ္ဘာအေး၊ ရန်ကုန်မြို့၊ ဖုန်း ၀၉-၂၅၀၉၅၄၆၅၉ နှင့် အတွင်းရေးမှူး၊ ဆောင်းပါး ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ၊ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကမ္ဘာအေး၊ ရန်ကုန်မြို့၊ ဖုန်း ၀၉- ၂၅၀၉၅၄၆၅၆ သို့ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့၊ ညနေ(၄)နာရီ နောက်ဆုံးထား၍ ဆက်သွယ် ပေးပို့နိုင်ကြောင်း၊စည်းကမ်းချက်များနှင့်မကိုက်ညီသော ဆောင်းပါးများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း၊ ဆုရရှိသူများအားမိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ Website နှင့် Facebook တို့တွင် ကြေညာပေးမည်ဖြစ်ပြီး ဆုများကို မတ်လ (၂၃)ရက်နေ့၊ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့မိုးလေ၀သနေ့အခမ်းအနား၌ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times