#Local_News
Published_6 Jan 2025


▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် တရားခံ ကျား ၅ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၇ ဦးတို့အား Sig Sauer ပစ္စတို သေနတ် ၂ လက်၊ ၎င်းကျည်အိမ် ၃ ခု၊ 9mm ကျည် ၂၄ တောင့်၊ ပွိုင့် 38 Special အမျိုးအစား ခြောက်လုံးပြူးသေနတ် ၁ လက်၊ ၎င်းကျည် ၂၅ တောင့်၊ လက်လုပ်ဗုံး ၂ လုံး၊ TNT ယမ်းတောင့် ၂ တောင့်၊ ဒီတိုနေတာ ၅၃၅ ချောင်း၊ ယမ်းမှုန့် ၃ ပိဿာ ၅ဝ ကျပ်သား၊ နိုက်ထရိုကလယ် ဇင်း ၅ဝ ကျပ်သား၊ ပုလဲ ၅ဝ ပိသာ၊ Black Powder ၂ဝ ကျပ်သား၊ ယမ်းကြိုး(၂ဝဝ ပေ) ၁ ခွေ၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ် ပြန်လိုက်သည်။

▪️ ယင်းတို့အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ သမိုင်းလမ်းဆုံရှိ လုံခြုံရေးဘန်ကာ ကို လက်လုပ်ရီမုမိုင်းဖြင့် ဖောက်ခွဲခြင်း၊၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်တွင် ဒဂုံမြို့သစ်(မြောက် ပိုင်း)မြို့နယ်၊ (၃၂)ရပ် ကွက် အုပ်ချုပ် ရေးမှူးရုံးကိုလက်လုပ်မိုင်းဖြင့် ဖောက်ခွဲခြင်း၊မေလ ၁၂ ရက်တွင် အင်း စိန်မြို့နယ်၊ ပေါက်တော ဝမီး ပွိုင့်ရှိ ဆက်သွယ်ရေး Box ကို လက်လုပ်ရီမုမိုင်းဖြင့် ဖောက်ခွဲခြင်း၊ မေလ ၃၀ ရက်တွင် အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ ကောင်းသန့် ထမင်းဆိုင်၌ ရစဖမှူး ဦးစောဝင်း လွင်အား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခြင်း(လူထိခိုက် သေဆုံးမှု မရှိခဲ့)၊ ဇူလိုင်လ ၈ ရက်တွင် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်ရှိ အင်းဝဘဏ်ကို လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခြင်း၊ ဩဂုတ်လ ၁၄ ရက်တွင် မြောက် ဥက္ကလာပမြို့နယ်၊ ဘုန်းကြီးလမ်းရှိယာဉ်ထိန်းရုံး (အဟောင်း)ကို လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခြင်း၊ အောက်တိုဘာလ ၁၂ ရက်တွင် တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်းရှိ 29 ရတနာ ရွှေဆိုင်ကို လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခြင်း၊ ဒီဇင်ဘာလ ၂၂ ရက်တွင် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ အထက်ဗဟိုလမ်း၊ အမှတ် (၁၃)ရှိ Apollo Hotel ရှေ့တွင်တပ်မတော်အရာရှိ နှင့် ညီမဖြစ်သူတို့အား ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း(မစိုးရိမ်ရ)၊ စုစုပေါင်း ဖောက် ခွဲမှု ၆ ကြိမ်၊ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု ၂ ကြိမ်တို့ကို အသီးသီးကျူးလွန်ခဲ့ကြကြောင်း သိရသည်။

▪️ ပြီးခဲ့သည့်၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်က မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ အထက် ဗဟိုလမ်းရှိ “Apollo ဟိုတယ်၌ ကျင်းပပြုလုပ်သည့် ညီဖြစ်သူ၏ မင်္ဂလာပွဲသို့ သွားရောက်ခဲ့သော ပြင်ဦးလွင်မြို့မှ ခွင့်ပြန်လာသည့် တပ်မတော်အရာရှိကညီမဖြစ်သူနှင့်အတူ မော်တော်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာစဉ် ဟိုတယ်ရှေ့ အထက် ဗဟိုလမ်းမပေါ်သို့ရောက်ရှိချိန်အကြမ်းဖက်သမား ၂ ဦးမှ ပစ္စတိုဖြင့် ၃ ချက်ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ တပ်မတော်အရာရှိတွင် ယာလက်ဖျံဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ညီမဖြစ်သူတွင် ယာခါးရှပ်ထိ မှန်ဒဏ်ရာ (မစိုးရိမ်ရ)ဖြစ်စဉ် နောက်ပိုင်း ၎င်းတို့ကိုအထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ ဖြစ်စဉ်မှတရားခံ မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို၊ နိုင်ဝင်းလတ်၊ ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ) ပါပီ လွန်နှင့် မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို၏ မိဘများဖြစ်သည့် သန်းအောင်၊ ချိုမာလွင် တို့ ၅ ဦးအား အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်၊ အင်းစိန်လမ်း၊ ရတနာသိင်္ခဘုန်းကြီး ကျောင်းဝန်းအတွင်းရှိ စူပါပါဝါကိုမွန်လေး ကားဆေးဘော်ဒီရုံ၌ ဒီတိုနီတာ ၅ဝဝ ချောင်း၊ ယမ်းကြိုး(၂ဝဝ ပေ) ၁ ခွေ၊ နိုက်ထရိုက လယ်ဇင်း ၅ဝ ကျပ် သား၊ လက်လုပ်ဗုံး ၁ လုံး၊ ယမ်းမှုန့်(ရောစပ်ပြီး) ၃ ပိဿာ၊ ပုလဲ ၅၀ ပိဿာ၊ Black Powder ၂၀ ကျပ်သားတို့နှင့်အတူ ဒီဇင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် လုံခြုံရေးပူးပေါင်းအဖွဲ့ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

▪️ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ရတနာသိင်္ခဘုန်းကြီးကျောင်းတိုက်အတွင်း၌ လက်နက်ခဲယမ်းများ သိုဝှက်သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ အနန္တ ဂုဏ်ရည်ကျောင်းဆောင် ဒုတိယထပ်အခန်းအတွင်းမှ ပွိုင့် 38 Special အမျိုးအစား ခြောက်လုံးပြူး သေနတ် ၁ လက်၊ ၎င်းကျည် ၂၅ တောင့်၊ TNT ယမ်းတောင့် ၂ တောင့်၊ ဒီတိုနေတာ ၃၅ ချောင်း၊ ပန်းရောင်ယမ်းမှုန့် ၅ဝ ကျပ်သားနှင့် ဖောက်ခွဲရေးဆက် စပ် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

▪️ ဖမ်းဆီးရမိတရားခံများ၏ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သော လက်နက်ခဲယမ်းများကို ကြည့် မြင်တိုင်မြို့နယ်၊ ကရင်အမျိုးသားရပ်ကွက်၊ ဦးကောင်းလမ်း၊ အမှတ်(၅၂၈)၊ (မြေညီထပ်)အခန်းတွင် နေထိုင် သည့်ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့်စွမ်းထက်(ခ)အေရွန်နှင့်ဇွန်ပွင့်ဖြူတို့ထံတွင်သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ၎င်းတို့ ၂ ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ဖမ်းဆီးရန်ကျန် တရားခံ စွမ်းထက်(ခ) အေရွန်၏ မိခင်ဖြစ်သူ ခင်ယုဆွေအား နေအိမ်မီးဖို ခန်းအတွင်းမှ Sig Sauer ပစ္စတို သေနတ် ၂ လက်၊ ကျည်အိမ် ၃ ခု၊ 9mm Thai Arms ကျည် ၁၅ တောင့်၊ 9mm Luger ကျည် ၉ တောင့်၊ လက်လုပ်ဗုံး ၁ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံ မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၂ ရက် တွင် တရား ခံ ထက်အောင်လှိုင်အား အင်းစိန်မြို့နယ်၊ ဗဟိုလမ်း၊ မီးရထားဒီဇယ်စက်ခေါင်းစက်ရုံဝင်ပေါက်အနီး၌ ထပ်မံဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။

▪️ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ၂၀၂၁ ခုနှစ်၊ မတ်လခန့်တွင် ဖမ်းဆီးရန်ကျန် တရား ခံများဖြစ်သည့် ဝိုင်ချို၊ နေမင်း တို့နှင့်အတူ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာအနီးတွင် PDF အကြမ်း ဖက်သင်တန်းကိုသင်တန်းသားအင်အား ၁၇ ဦးဖြင့် ၇ ရက်၊ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန်သည် ၂၀၂၁ ခုနှစ်၊ ဇွန်လခန့်တွင် မြဝတီမြို့ နယ်၊ လေးကေ့ကော်မြို့သစ်အနီး KNLA တမဟ(၆)နယ်မြေတွင် အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း အမှတ်စဉ်(၁)ကို သင်တန်းသားအင်အား ၂၀ ဦးဖြင့် ၁၀ ရက် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

▪️ ယင်းအပြင် ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန် သည် အကြမ်းဖက်သင်တန်း ဆင်းပြီးနောက် လူမှုကွန်ယက် မှ တစ်ဆင့်ရင်းနှီးခဲ့သူ ဖမ်းဆီးရန်ကျန်တရားခံ ခင်လင်းလင်း ၏ ချိတ်ဆက်ပေးမှုဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ သို့ သွားရောက်၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိ နေထိုင်ခဲ့ကြောင်း၊ ဩဂုတ်လခန့်တွင် အကြမ်းဖက်သင်တန်း တက်ရောက်စဉ် ရင်းနှီးခဲ့သူဖမ်းဆီးရန်ကျန်တရားခံ အဲရစ်အောင်ငြိမ်းသည် Messenger မှတစ်ဆင့် ဆက်သွယ် ၍ PDF အကြမ်းဖက်အဖွဲ့များအတွက် ထောက်ပို့ လုပ်ငန်းများ လုပ်ဆောင်ရာတွင် လာရောက်ကူညီပေးရန် ပြောကြားခဲ့သောကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ ရန်ကုန်မြို့သို့ပြန်လာခဲ့ပြီး မိုးထက်အောင်(ခ)မိုးထက်(ခ) တိမ်ညိုနေထိုင်သည့် ရတနာသိင်္ခဘုန်းကြီးကျောင်းဝန်း အတွင်း၌ သွားရောက်နေထိုင်ခဲ့ကြောင်း၊ ၎င်းနောက် လူမှုကွန်ယက် Facebook စာမျက်နှာတွင် “ဆာကူရာ” အမည်ဖြင့် အကောင့်ဖွင့်လှစ်၍ ထောက်ပံ့ငွေများ ကောက်ခံ ခဲ့ပြီး ရရှိလာသော ငွေကြေးများကို အဲရစ်အောင်ငြိမ်း ထံသို့ Kpay မှတစ်ဆင့်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

▪️ ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန် ၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ခန့်တွင် ယခင်ငွေကြေး ထောက်ပံ့ပေးနေသည့် ထိုင်းနိုင်ငံတွင်နေထိုင်သူ ဖမ်းဆီးရန်ကျန်တရားခံ ကိုမျိုး(ခ)ဆရာကျောင်း (ခ)ဦးလေး ကြီး ထံသို့ Telegram မှတစ်ဆင့် ဆက်သွယ်ပြီး ထောက်ပံ့ငွေ တောင်းခံခဲ့ရာ ၎င်းမှ အကြမ်းဖက်အဖွဲ့ ၁ ခု ဖွဲ့စည်းပါက ငွေကြေးထောက်ပံ့ပေးမည်ဟု ပြောကြား ခဲ့သည့်အတွက် Together Urban Force အမည်ခံ အကြမ်းဖက်အဖွဲ့အား ခိုင်မင်းစိုး(ခ) ငြိမ်းခန့်လင်း (ခ)ပါပီလွန် မှခေါင်းဆောင်၍ မိုးထက်အောင်(ခ)မိုးထက်(ခ) တိမ်ညို ၊ နိုင်ဝင်းလတ်၊ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် စွမ်းထက်(ခ)အေရွန်၊ ဇွန်ပွင့်ဖြူတို့ ၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် လုပ်ကြံသတ် ဖြတ်ခြင်းများ ဆောင်ရွက်ရာတွင် အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းများကိုဖမ်းဆီးရန်ကျန် တရားခံကိုမျိုး (ခ)ဆရာကျောင်း(ခ)ဦးလေးကြီးမှ ဖမ်းဆီးရန်ကျန် တရားခံသောကြာ(ခ)ကောင်းဆက်သွေး(ခ) အောင်မြတ် သူနှင့်ချိတ်ဆက်၍ ပို့ဆောင်ပေးခြင်းဖြစ်ပြီး ဆောင်ရွက်ပြီးပါက လူမှုကွန်ရက်တွင်တင်၍ ထောက်ပံ့ငွေတောင်းခံခြင်းများကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

#Yangon_Times/PP