#Local_News
Published 28 April 2025
▪️ ယနေ့မနက်အစောပိုင်းတွင် ဒိုက်ဦးမြို့၌ သစ်စက် ဂိုဒေါင်ဟောင်းမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဧပြီ ၂၈ ရက်နေ့၊ မနက်၁ နာရီ၁၂ မိနစ်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၅)သံတံတားရပ်ကွက်၊ ဈေးလမ်းတွင် သစ်စက် ဂိုဒေါင်ဟောင်း(၁)လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဒိုက်ဦးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁နာရီ ၂၅မိနစ်အချိန်၌ မီးငြိမ်းခဲ့ကြောင်း သိရသည်၊၊
#YMG/NN #Yangon_Times