#Local_News
Published_ 28 October 2024


▪️ ရန်ကုန်မြို့၌ တည်ဆောက်လျက်ရှိတဲ့ ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံစီမံကိန်း ဆောင်ရွက်ပြီးစီးသွားပါက ၅၀၀ ကေဗွီ ဓာတ်အားလိုင်းစနစ်ဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ထုတ်လုပ်လျက်ရှိတဲ့ လျှပ်စစ်ဓာတ်အားများကို မြန်မာနိုင်ငံတောင်ပိုင်းသို့ ဗို့အားပြည့်ဝ တည်ငြိမ်စွာ ပို့လွှတ်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

 

▪️ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဝန်ကြီး ဦးဉာဏ်ထွန်းနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၂၇ ရက်တွင် လှိုင်သာယာမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ ၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်စစ်ဆေးခဲ့ပါတယ်။

 

▪️ ဝန်ကြီးက လျှပ်စစ်ဓာတ်အားအမြန်ပို့လွှတ်နိုင်ရေး ဦးစားပေးလုပ်ငန်းအလိုက်ခွဲခြားပြီး ဆောင်ရွက်ဖို့နဲ့ လူအင်အား၊ ယန္တရားနှင့် စက်အင်အားများ တိုးချဲ့ပြီးအဆိုင်းစနစ်ဖြင့် ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးသတိ၊ အသိ အမြဲရှိစေရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စနစ်တကျအသုံးပြုစေရေး၊ စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေးနှင့် ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားကြဖို့မှာ ကြားခဲ့ပါတယ်။

 

▪️ ထို့နောက် စီမံကိန်းလုပ်ငန်းခွင်အတွင်း Control Building နှင့် Switch Yard တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ထရန်စဖော်မာများ၊ Shunt Reactor တပ်ဆင်နေမှုနှင့် Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်နေမှုတိုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

 

▪️ ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံများ တည်ဆောက်နေဆဲကာလတွင် ၂၃၀ ကေဗွီဗိုအားဖြင့် လျှပ်စစ်ဓာတ်အားများ စတင်ပို့လွှတ်ပေးလျက် ရှိပြီး ၅၀၀ ကေဗွီစနစ်ဖြင့် ပို့လွှတ်နိုင်ရန်အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းအပါအဝင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

 

#Ymg_mnn #Yangon_Media_Group