#Local_News
Published 25 January 2025

▪️ ယမာန်နေ့က အမေရိကန်ဒေါ်လာသန်း၂၀ ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှ ထုတ်ရောင်းခဲ့ကြောင်း သိရသည်။

▪️ ထိုသို့ရောင်းချရာတွင် ဇန်နဝါရီလ ၂၄ ရက်နေ့၌ ငွေလဲနှုန်း ၃,၅၉၃ ကျပ်နှင့်
အမေရိကန်ဒေါ်လာ သန်း၂၀ ကို ဗဟိုဘဏ်၏ အွန်လိုင်းနိုင်ငံခြားငွေကြေးဈေးကွက်တွင် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

▪️ ထို့အပြင် AD လိုင်စင်ရဘဏ်များနှင့်လုပ်ငန်းရှင်များ အကြား အမေရိကန်ဒေါ်လာ ၅၉ ဒဿမ ၃၇၇သန်းကျော်၊ တရုတ်ယွမ် ၁ ဒဿမ ၁၇၆ သန်းကျော်နှင့်ထိုင်းဘတ် ၉၆ ဒဿမ ၂၆၃ သန်းကျော် အလွှဲအပြောင်းရှိခဲ့ကြောင်း သိရသည် ။

#YMG/NN #Yangon_Times