#Local_News
Published 1 January 2025


▪️ မွန်ပြည်နယ်၊မော်လမြိုင်မြို့ရှိ တောင်ဝိုင်းတောင်ပေါ်  အဆင်းကားလမ်းတွင် ယနေ့  နေ့လယ်ပိုင်း၌ Light Track ယာဉ်တစ်စီးချောက်ထဲထိုးကျပြီး၁၁ဦးဒဏ်ရာရ ရှိခဲ့၍ ဆေးရုံသို့ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

▪️ ဖြစ်စဉ်မှာဇန်နဝါရီ ၁ ရက်နေ့လယ် ၂နာရီ ၅၅ မိနစ် အချိန်က  မော်လမြိုင်မြို့၊ တောင်ဝိုင်းတောင်ပေါ်အဆင်းကားလမ်းကွေ့တွင် Light Track ယာဉ်၁စီး ဘရိတ်ပေါက် ၍ တောင်အောက်သို့ထိုးကျသွားကြောင်း သိရသည်။

▪️ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူအမျိုးသား၊ အမျိုးသမီး ၁၅ ဦးနှင့် ကလေး၁ဦး၊ စုပေါင်း(၁၆)ဦးတွင် ကျား၊ မ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

▪️ ထို့ကြောင့် ဒဏ်ရာရရှိသူများအားဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ လိုအပ်သည့်များပြုစုပေးပြီး မော်လမြိုင်ဆေးရုံကြီးသို့ လူနာတင်ယာဉ် (၂)စီးဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times