#Local_News
Published 18 March 2025

▪️ ယမန်နေ့ မတ်လ ၁၇ ရက် ညပိုင်းက ကမာရွတ်မြို့နယ်အနီး အင်အားအနည်းငယ်ရှိ မြေငလျင် တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

▪️ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မတ်လ ၁၇ ရက်နေ့ ည (၉) နာရီ (၂၈)မိနစ်၊ (၃၉)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၂)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကမာရွတ်မြိုနယ်၏ မြောက်ဘက် (၁) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆ ဒသမ ၈၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆ ဒသမ ၁၃)ဒီဂရီ၊ အနက် (၁၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၃ ဒသမ ၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

▪️ ထိုငလျင်လှုပ်ခတ်မှုကို စမ်းချောင်း၊ ရန်ကင်း၊ လမ်းမတော်၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာနှင့် သမိုင်းမြို့နယ်များရှိ ရပ်ကွက်အချို့၌ အနည်းငယ်ခံစားခဲ့ရကြောင်း သိရသည်။

#YMG/SW #Yangon_Times