#Local_News
Published 14 September 2024


▪️ ရာဂီမုန်တိုင်းဒဏ်ကြောင့် ရေကြီး/ရေလျှံမှုများ ကြုံတွေ့နေရသည့်ရေဘေးသင့်ပြည်သူများအတွက် ဆက်သွယ်ရေးအော်ပရေတာလေးခုမှ ဖုန်းပြောခွင့်နှင့်စာတိုပေးပို့ခွင့်ကိုအခ မဲ့ ပံ့ပိုး ပေးနေပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

▪️ ရေဘေးသင့်ပြည်သူများအတွက် ဆက်သွယ်ရေးကဏ္ဍ၏ လူမှုအကျိုးပြုလုပ်ငန်း Corporate Social Responsibility (CSR) အဖြစ် ကူညီပံ့ပိုးဆောင်ရွက်ပေးခြင်းဖြစ်သည်။

 

▪️ အဆိုပါကဲ့သို့ဆောင်ရွက်ရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့်မိနစ် (၇၀၀) နှင့် အခမဲ့စာတိုပေးပို့ခွင့်အစောင်(၇၀၀)၊ အက်တမ်မြန်မာလီမိတက် (ATOM) မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့် မိနစ်(၅၀၀)နှင့် အခမဲ့စာတိုပေးပို့ခွင့် အစောင်(၅၀၀)၊ အော်ရီဒူးမြန်မာလီမိတက် (Ooredoo) မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့်အကန့်အသတ်မဲ့နှင့် အခမဲ့စာတိုပေးပို့ခွင့် အကန့်အသတ်မဲ့၊ တယ်လီကွန်းအင်တာနေရှင်နယ် မြန်မာကုမ္ပဏီလီမိတက်(MYTEL) မိုဘိုင်းဖုန်း အချင်းချင်းအခမဲ့ဖုန်းပြောဆိုခွင့် မိနစ်(၁၀၀၀)နှင့် အခမဲ့စာတိုပေးပို့ခွင့် အစောင်(၁၀၀၀)တို့အားစက်တင်ဘာ  ၁၃ ရက်မှစတင်၍ (၇)ရက်အထိ အသုံးပြုခွင့်ကို မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများက ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

 

#YMG/NN #Yangon_Times