#Local_News
Published 14 November 2024
▪️ ညစ်ညမ်းစာပါသော စာအုပ်ထုတ်ဝေသူ(၂)ဦးကို ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေဖြင့်တရားစွဲဆိုအရေးယူသွားရန်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။
▪️ ပုံနှိပ်သူဦးရာဇာရဲထွဋ်(Right ပုံနှိပ်တိုက်)နှင့် ထုတ်ဝေသူ ဒေါ်စိန်ကြည်(The Density Book House)တို့မှ ပုံနှိပ်ထုတ်ဝေသော စာရေးသူMahuyarရေးသားသည့်‘‘1500 Miles to You’’စာအုပ်နှင့် ‘’အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းလင်္ကာ’’စာအုပ်များသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်ညှိစွန်းပြီး ဟီရိသြတ္တပ္ပကင်းသည့်၊မြန်မာ့လူ့အဖွဲ့အစည်းကလက်မခံသည့် လူငယ်များ၏တွေးခေါ်မြော်မြင်မှုနှင့်ခံစားနားလည်မှုကို လွဲမှားစေနိုင်သည့် ညစ်ညမ်းစာတွေဖော်ပြတွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
▪️ သို့ဖြစ်၍ စာအုပ်နှစ်အုပ် ပုံနှိပ်ထုတ်ဝေသူနှစ်ဦးဖြစ်သောပုံနှိပ်သူဦးရာဇာရဲထွဋ်(Right ပုံနှိပ်တိုက်)နှင့် ထုတ်ဝေသူ ဒေါ်စိန်ကြည်(The Density Book House)တို့ကိုထုတ်ဝေခွင့်လိုင်စင်ရုပ်သိမ်းခဲ့ပြီး တရားမဝင်ထုတ်ဝေစာအဖြစ်ကြေညာခဲ့ကာ ပုံနှိပ်သူနှင့်ထုတ်ဝေသူကို ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။
#YMG/tthl #Yangon_Times