#Local_News
Published 13 February 2025
▪️ ဒဂုံမြို့သစ်တောင်ပိုင်း၌ ယမန်နေ့က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာတစ်နာရီနီးပါးအထိမီးငြိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖေဖော်ဝါရီ ၁၂ ရက်နေ့၊ ည ၁၀နာရီ ၃၅ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၆၃)ရပ်ကွက်၊ ဘုရားလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၀နာရီ ၅၈မိနစ် အချိန်တွင်မီးထိန်းနိုင်ခဲ့ပြီး ၁၁နာရီ ၂၃ မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times