#Local_News
Published 13 November 2024
▪️ မိသားစု လွှဲပို့ငွေအထောက်အထား မပေးပို့နိုင်သည့် အေဂျင်စီများကို ဒဏ်ကြေးကောက်ယူမည့်အပြင် အလုပ်ခေါ်စာအသစ်တင်ခွင့် ဆိုင်းငံ့အရေးယူမည်ဖြစ်ကြောင်းအလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
▪️ ပြည်ပတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအနေဖြင့် မိမိ၏ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင် ဘဏ်စနစ်မှတစ်ဆင့် ပြည်တွင်းရှိ မိသားစုဝင်များထံ ပေးပို့ရမည်ဖြစ်ရာ လတ်တလောတွင် ပြည်ပရောက် အလုပ်သမားများ၏ မိသားစုထံ လွှဲပို့ငွေအထောက်အထား မတင်ပြနိုင်သည့် အေဂျင်စီ ၃၀၀ ခန့် ရှိနေကြောင်း သိရသည်။
▪️ အဆိုပါ ထုတ်ပြန်ချက်အရ အောက်တိုဘာလအတွက် မိသားစုထံလွှဲပို့ငွေအထောက်အထား မတင်ပြသည့် ပြည်ပ အလုပ်အကိုင်အေဂျင်စီ ၂၉၂ ခုရှိပြီး စေလွှတ်ခဲ့သည့် လုပ်သားဦးရေ ၅,၆၀၀ နီးပါးရှိကြောင်း၊ ယင်းအေဂျင်စီများအနေဖြင့် နိုဝင်ဘာလ ၁၁ ရက် နောက်ဆုံးထားပြီး လွှဲပို့ငွေအထောက်အထားပေးပို့ရန်လိုအပ်ပြီး မပေးပို့နိုင်သည့် အေဂျင်စီများကို ဒဏ်ကြေးကောက်ယူမည့် အပြင် အလုပ်ခေါ်စာအသစ်တင်ခွင့် ဆိုင်းငံ့ အရေးယူမည် ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times