#Local_News
Published 12  March 2025

▪️ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပ၍ ယခုနှစ်နွေရာသီသင်တန်းများ ၉၆ ကြိမ်အထိ  ဖွင့်လှစ်သင်ကြပေးသွားမည်ဖြစ်ပြီး ယင်းသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပံ့ပိုးငွေကျပ် ၁၅,၉သိန်းကျော် ပေးအပ်ခဲ့ကြောင်း သိရသည်။

▪️ အဆိုပါ  နွေရာသီသင်တန်း များ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၀ ရက်က ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)လူထုအခြေပြုဗဟိုဌာနခန်းမမှာ ကျင်းပ ခဲ့ကြောင်း သိရသည်။

▪️ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်ခဲ့ပြီး သင်တန်းသား သင်တန်းသူများ အနေဖြင့် ကြိုးစားသင်ယူလေ့ကျင့်၍  မိမိတို့ကျောင်း၊ မြို့နယ်၊ တိုင်းဒေသကြီးတို့၏ ဂုဏ်ကိုမြှင့်တင်နိုင်သည့် လူတော်လူကောင်းများဖြစ်စေရန် ဆောင်ရွက်ပေးစေလိုကြောင်း အားပေးစကားပြောကြားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နွေရာသီသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပံ့ပိုးငွေကျပ် ၁၅,၉၄၃,ဝဝဝ ပေးအပ်ခဲ့ ကြောင်းသိရသည်။

▪️ အဆိုပါ ဖွင့်လှစ်သင်ကြားပေးမည့် နွေရာသီသင်တန်းများတွင် သင်တန်းအမျိုးအစား ၁၅ မျိုး၊ သင်တန်းအကြိမ်ပေါင်း ၉၆ ကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times