#Local_News
Published 11 September 2024


▪️ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ ငဝန်မြစ်အတွင်း စက်လှေ(၁)စီးမီးလောင်မှုတစ်ခု ယနေ့တွင်ဖြစ်ပွားခဲ့ရာ နှစ်နာရီ ဝန်းကျင်ခန့် ကြာသည်အထိ မီးငြိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ စက်တင်ဘာ ၁၁ ရက်နေ့၊ မနက်၄နာရီ ၂၅မိနစ် အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ ငဝန်မြစ်အတွင်းရှိစက်လှေ(၁)စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

 

▪️ အဆိုပါ သတင်းရရှိသဖြင့် ငပုတောမြို့နယ်မီးသတ်စခန်းမှ ရှာကယ်စက်လှေ(၂)စီး၊ အပေါ့စားမီးသတ်စက်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၅နာရီ  ၄၅မိနစ် အချိန်၌  မီးထိန်းပြီး မနက်၆ နာရီ ၁၀မိနစ် အချိန်၌  မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times