#Local_News
Published 10 December 2024


▪️ အဂတိလိုက်စားမှုကျုးလွန်သူများကို တရားစွဲဆိုအရေးယူရုံသာမက အဂတိလိုက်စားမှုကြောင့် ကြွယ်ဝချမ်းသာလာသည့် ငွေကြေးနှင့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းကို ဥပဒေနှင့်အညီ တိတိကျကျ ထိရောက်အောင် ဆောင်ရွက်ကြရန် နစက ဥက္ကဌက အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

▪️ ယနေ့ ဒီဇင်ဘာလ ၉ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁ ၌ ကျင်းပပြု လုပ်သော အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ပြောကြားသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

▪️ နစကအစိုးရက ချမှတ်ထားသော “ရှေ့သို့ ချီမည် ပန်းတိုင်ဆီ” (Keep Moving Forward to Achieve Our Goal) ဆိုသည့်ဆောင်ပုဒ်အတိုင်းနိုင်ငံနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးကိုရှေးရှုပြီး လူမှုစီးပွားဘဝ တိုးတက်မြင့်မား လာစေရန် ကြိုးပမ်းဆောင်ရွက်နေသောကြောင့် ချမှတ်ထားသည့် ဦးတည်ချက်၊ ရည်မှန်းချက် များနှင့် မူဝါဒများကို လုပ်ငန်းလမ်းညွှန်များအဖြစ် အလေးအနက်ခံယူပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ် ငန်းများကို ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း လည်း နစက ဥက္ကဌက ပြောသည်။

▪️ နိုင်ငံအတွင်းအဂတိ လိုက်စားမှုများ ကင်းရှင်းစေရန်အတွက် အားလုံးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လည်း ယင်းက ပြောကြားခဲ့သည်။

▪️ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ ပိုစကာ၊ ဗီဒီယိုနှင့် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိ ခဲ့ကြသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းလည်း သိရသည်။

▪️ ဒီဇင်ဘာလ(၉) ရက်ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အဖြစ် ၂၀၀၃ ခုနှစ်တွင်စ တင် သတ်မှတ် ခဲ့ပြီး ကမ္ဘာ့နိုင်ငံများတွင် အထိမ်းအမှတ်အခမ်းအနားများကိုနှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

▪️ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ၂၀၂၂ ခုနှစ်က စတင်၍ “ဖြောင့်မတ်တည်ကြည် သော အနာဂတ်ဖော်ဆောင်ဖို့၊ အဂတိတိုက်ဖျက် လူငယ် (Uniting with Youth against Corruption: Shaping Tomorrow's Integrity)" ဆောင်ပုဒ်အတိုင်း လုပ်ဆောင်နေကြောင်း သိရသည်။

▪️ ယင်းဆောင်ပုဒ်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လူငယ်အသိပညာပေးအစီအစဉ်နှင့် စကားဝိုင်း ဆွေးနွေးပွဲများ၊ ပညာရေးနှင့် ပူးပေါင်းဆောင်ရွက်ချက်များကိုလည်း လုပ်ဆောင်နေကြောင်း အဂတိလိုက်စားမှုသည် လူ့ဘောင်လောကကို အရုပ်ဆိုး အကျည်းတန်စေပြီး ကောင်းမွန်သည့် လူမှုစီးပွားဘဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည့် မကောင်းမှု ဒုစရိုက်တစ်ခုပင် ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများကြောင့် လူ့ဘောင်လောကတွင် တရားမျှတမှု ပျောက်ကွယ်ပြီး နိုင်ငံတော်နှင့် အများပြည်သူကို ထိခိုက်စေသည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်ကိုပျက်စီးစေရုံသာမက တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုကိုလည်း ထိခိုက်စေနိုင်ကြောင်းနှင့်လက်တွေ့တွင်လည်း အဆိုပါအယူအဆ မှန်ကန်နေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း ယင်းက ပြောသည်။

▪️ အဂတိလိုက်စားမှုပြဿနာသည် ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့နေသည့်ရောဂါဆိုးတစ်ခု ဖြစ်နေကြောင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အစိုးရပိုင်းများသာမက ပုဂ္ဂလိကပိုင်းနှင့် အမြတ် အစွန်းမဟုတ်သည့် အချို့ ကုသိုလ်ဖြစ် လှူဒါန်းရေးအဖွဲ့များတွင်ပါ အမြစ်တွယ်လာနေသည့် ပြဿနာတစ်ခု ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

▪️ အဂတိလိုက်စားမှုဆိုသည်ကို သာမန်အားဖြင့် လာဘ်ပေး လာဘ်ယူမှုလောက် သာထင်မှတ်ကြသော်လည်း အမှန်တွင်လူ့ဘောင်လောကတွင် ကျယ်ပြန့်နက်ရှိုင်း သည့် မကောင်းမှုကြီးဖြစ်ကြောင်း၊ ခြိမ်းခြောက် ငွေညှစ် ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော် ဘဏ္ဍာနှင့် ပစ္စည်းများကို အလွဲသုံးစားလုပ်ခြင်း၊ ပြည်သူပိုင်ပစ္စည်း ငွေကြေး များကို ကိုယ်ကျိုးအတွက် မသင့်မလျော်သုံးစွဲခြင်း၊ မလျော်ဩဇာသုံးပြီး ကိုယ်ကျိုးအတ္တကိုရယူခြင်း စသည်များသည်လည်းအဂတိလိုက်စားမှုများပင် ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် ရာဇဝတ်မှုများ အကြမ်းဖက် တိုက်ခိုက်မှုများကို အားပေး ကျူးလွန်ခြင်း၊ ခြင်းများ ဖြစ်ပေါ်လာစေသည့်အပြင်တရားဥပဒေ စိုးမိုးရေးနှင့် ဒီမိုက ရေစီ စနစ်ကို ထိခိုက်စေခြင်းတို့ကို ဖြစ်စေခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာကြီးတစ်ခု၊ ရောဂါဆိုးကြီး တစ်ခုဟု ဆိုနိုင်ကြောင်းလည်း နစက ဥက္ကဌက ပြောသည်။

▪️ နစက အနေဖြင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသည့် အဂတိလိုက်စားမှု လျော့နည်းကျ ဆင်း လာ စေရေး၊ အဂတိကင်းစင်သည့် လူ့အဖွဲ့ အစည်းတစ်ရပ်ဖြစ်စေရေးနှင့် အများပြည်သူတို့၏ အကျိုး စီးပွားကို ကာ ကွယ်ပေးရေးတို့အတွက်ရည်မှန်းချက်၊ဦးတည်ချက်များချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်းလည်း ယင်းက ပြောကြားခဲ့ကြောင်း သိရသည်။
#Yangon_Times/PP