#Local_News
Published 20 September 2024


▪️ အီလက်ထရောနစ်နည်းစနစ် ဖြင့် အခွန်ပေးဆောင်နိုင်ပြီဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ထပ်မံကြေညာ လိုက်သည်။

 

▪️ ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ထမ်းပြည်သူ များအခွန်‌ ပေးဆောင်ရာတွင် လွယ်ကူမြန်ဆန်စေရန် အီလက်ထရောနစ်နည်းဖြင့် အခွန် ငွေပေးဆောင်နိုင်မည့်နည်းလမ်းများကို အဆင့်ဆင့်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ  ပုဂ္ဂလိကဘဏ်များ၏ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှုကွန်ရက်စနစ်မှတဆင့် လည်းကောင်း၊ MPU e-commerceကိုအသုံးပြု၍ Onlineမှလည်းကောင်းပေးဆောင်နိုင်ရန် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

 

▪️ e-commerce ဖွင့်လှစ်ထားသော MPU Debit Cardကိုအသုံးပြု၍ Online မှ အခွန်ငွေပေးဆောင်ခြင်း၊ မိုဘိုင်းအီလက်ထရောနစ်ငွေပေးချေမှုစနစ်သို့မဟုတ် ပုဂ္ဂလိကဘဏ်များတွင် ဖွင့်လှစ်ထားသောငွေစာရင်းမှ CBN Net system ရှိ CCT fundction ကိုအသုံးပြု၍ အီလက်ထရောနစ်နည်းဖြင့် အခွန်ပေးသွင်းခြင်းများဆောင်ရွက်ပြီဖြစ်ကြောင်း သိရသည်။

 

▪️ ပြည်တွင်းအခွန်များဦးစီးဌာနသည် အထက်ပါနည်းလမ်းများအပြင် ဦးစီးဌာန၏ ဝက်ဆိုက်မှတဆင့် Multi-channel Tax payment plattform အနေဖြင့် အသုံးပြုအခွန်ငွေပေးဆောင်နိုင်ရန်အတွက် IRD's  Tax payment  Hub  portal အားအကောင်အထည်ဖော်ခဲ့ရာ ပထမအဆင့်အနေဖြင့်  စက်တင်ဘာ ၁ရက်နေ့မှစတင်၍ uab bank ၏ uab pay နှင့်uab banking ဖြင့်လည်းကောင်း၊e-commerceဖွင့်လှစ်ထားသော MPU Debit Card ဖြင့်လည်းကောင်းအခွန်ပေးသွင်းနိုင်ရန်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ IRD's  Tax payment  Hub  portalမှတဆင့်အခြားသောဘဏ်များနှင့် မိုဘိုင်းငွေရေး၊ကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ၏ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များဖြင့် ပေးသွင်းနိုင်ရန်စနစ်ပိုင်းချိတ်ဆက်ပြီးချိန်တွင်လည်း အချိန်နှင့်တပြေးညီ အသိပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

#YMG/NN #Yangon_Times