#Local_News
Published 09 September 2024


▪️ မြန်မာ့လက်ရွေးစင်အသင်းအတွက် နည်းပြချုပ်အဖြစ် မြန်မာ့လက်ရွေးကစားသမား‌ဟောင်းဦးမျိုးလှိုင်ဝင်းကို ယခုစက်တင်ဘာလမှ စတင်ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

 

▪️ မြန်မာ့ လက်ရွေးစင်အသင်း နည်းပြချုပ်ဟောင်း ဂျာမန်လူမျိုး၊ MICHAEL FEICHTENBEINER ၏နေရာတွင် တာဝန်ပေးအပ်ခံရခြင်းဖြစ်သည်။

 

▪️ ဦးမျိုးလှိုင်ဝင်းသည် ကစားသမားဘဝတွင်မြန်မာဘောလုံးအသင်း၏ဂိုးသွင်းအများဆုံးတိုက်စစ်မှူးဖြစ်ခဲ့ပြီး ၁၉၈၇ ခုနှစ်မှ စတင်ကာ မြန်မာ့လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခဲ့ပြီး ၂၀၀၄ ခုနှစ်၌ ကစားသမားဘဝ အနားယူခဲ့သည်။ 

 

▪️ ပြည်တွင်း အမှတ်ပေးပွဲများတွင် လည်းကောင်း၊ မလေးရှားလိဂ်၊ ထိုင်းလိဂ်တို့တွင်လည်းကောင်း ပရော်ဖက်ရှင်နယ်အဖြစ် သွားရောက်ကစားခဲ့ပြီး အာဆီယံဒေသတွင်း ထင်ရှားသည့် ကစားသမား တစ်ဦးဖြစ်ခဲ့သည်။ 

 

▪️ ၂၀၀၇ ခုနှစ်တွင် နည်းပြအဖြစ် အဲပုဂံအသင်းနှင့်အတူ စတင်ခဲ့ပြီး သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင်အသင်းများ၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများအား တာဝန်ယူခဲ့ပြီး ကစား သမား ဘဝတွင်လည်းကောင်း၊ နည်းပြဘဝတွင်လည်းကောင်း အောင်မြင်မှုများ ရရှိခဲ့သူဖြစ်သည်။

 

▪️ မြန်မာ့လက်ရွေးစင်အသင်းသည် နည်းပြ ဦးမျိုးလှိုင်ဝင်း၏ဦးဆောင်မှုနဲ့ နည်းပြ/အုပ်ချုပ်အဖွဲ့ကို ဖွဲ့စည်းပြီးတာနှင့်စင်ကာပူ၊ လက်ဘနွန် အစရှိသည့် လက်ရွေးစင်အသင်းများအပါအဝင် ဖီဖာနိုင်ငံ တကာ ခြေစမ်းပွဲများကို ဦးစွာယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

 

▪️ ယင်းနောက် AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲကို ဒီဇင်ဘာလ ၈ ရက်မှ စတင်ကာ အိမ်ကွင်း/အဝေးကွင်း အုပ်စုပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး၂၀၂၅ ခုနှစ်မတ်လမှ စတင်ကာ ၂၀၂၇ အာရှဖလား ခြေစစ်ပွဲစဉ်များ၊ ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲများ ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်‌ကြောင်း သိရသည်။

 

#YMG/tthl #Yangon_Times