#Local_News
Published_12 Sept 2024


▪️ အဆက်မပြတ်ရွာသွန်းခဲ့သောမိုးကြောင့်ရေစိမ့်ဝင်ကာ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု ဧရိယာ၊ ကျန်စစ်နယ်မြေ၊ ပုဂံမြို့သစ်ရွှေလောင်းရပ်ကွက်ရှိ ဘုရားအမှတ် (၁၀၄၂) “ဆင်က" ဘုရား စေတီတော် ထိခိုက်ပြိုကျခဲ့ကြောင်း သိရသည်။

 

▪️ ယနေ့ စက်တင်ဘာလ ၁၂ ရက် နံနက်က ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ယခုအခါ အသေးစိတ်မှတ်တမ်းများပြုစုနေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၏ ဒုတိယညွှန်ကြားရေးမှူး ဦးညီမွန်းက ပြောသည်။ “ဆင်က ဘုရားထိခိုက်မှုရှိတာ မှန်ပါတယ်” ဟု သူက ဆိုသည်။

 

▪️ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်ကလည်း အဆိုပါဘုရားအမှတ် ၁၀၄၂ ၊ ဆင်ကဘုရား ၏ အပေါ် အနောက်တောင်ထောင့်တွင် ခြင်္သေ့အပေါ်ပိုင်းပြိုကျ(ပဲ့ကျ)မှု ဖြစ်ပွားခဲ့သေးကြောင်း အဆိုပါဘုရား သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ (၁၃)ရာစုလက်ရာ ဖြစ်ကြောင်း ဆင်ကဘုရားကို ဆင်ကအုတ်တိုက် ရှည်ဟုလည်း ခေါ်ဆိုကြောင်း၊ လွန်ခဲ့သော ၁၉၇၂ ခုနှစ်ကပင် ရှေးဟောင်းအဆောက်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့သော ဘုရားစေတီလည်းဖြစ် ကြောင်း သိရသည်။

 

#Photo- ko htun yati #Yangon_Times/PP