#Local_News
Published 14 September 2024

▪️ နေပြည်တော်၊လယ်ဝေးမြို့နယ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိရပ်ကွက်များ၊ ပဲခူးတိုင်းဒေသကြီး၊တောင်ငူမြို့များ၌ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နေ၍ ကူညီကယ်ဆယ်ရေးများပြုလုပ်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ စက်တင်ဘာ ၁၄  ရက်နေ့တွင်  နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်၊ သစ်ကိုးပင်ရွာရှိ ရေဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဘေးလွတ်ရာသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

 

▪️ ထို့အပြင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ရေမြင့်တက်ဝင်ရောက်လျက်ရှိသောအမှတ်(၄)ရပ်ကွက်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်နှင့် အမှတ်(၉)ရပ်ကွက်တို့မှ ရေဘေးသင့်ပြည်သူများအား ကရင်ပြည်နယ်အတွင်းရှိ မီးသတ်စခန်းများမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဘေးလွတ်ရာသို့ ကူညီကယ်ဆယ်ရေးရွှေ့ပြောင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

▪️ အလားတူ  ပဲခူးတိုင်းဒေသကြီးအတွင်း ရေဝင်ရောက်လျက်ရှိသော အုတ်တွင်းမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာ၊ သာယာကုန်းကျေးရွာ၊ တောင်ငူမြို့နယ်၊ ကံရိုးရွာ၊ မြစ်ကြီးပေါက်ကျေးရွာ၊ ဒိုးအင်းရွာ၊ အရှေ့ဆင်ရွာ၊ အနောက်ဆင်ရွာ၊ ရေတာရှည်မြို့နယ် ထိပ်ပေါက်ကျေးရွာ၊ နှောပင်ကျေးရွာနှင့် ထန်းတပင်မြို့၊ အောင်ချမ်းသာရွာများရှိ ရေဘေးသင့်ပြည်သူများအား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  မီးသတ်စခန်းများမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times