#Local_News
Published - 9 September 2022

 

ယူကေနိုင်ငံတွင် မြန်မာနိုင်ငံသားများ စရိတ်ငြိမ်းဖြင့် တစ်နှစ်တာမဟာဘွဲ့တက်ရောက်နိုင်ရန် အတွက် Chevening ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှ ထုတ်ပြန်လိုက်သည်၊၊

 

အဆိုပါ Chevening ပညာတော်သင်ဆုရရှိနိုင်ရန်အတွက် လိုအပ်သည့်အကြံဉာဏ်ကောင်းများရရှိရန်လာမည့် စက်တင်ဘာလ (၁၃)ရက်ညနေ (၅)မှ (၇)နာရီအထိ zoomဖြင့် webinar တစ်ခုပြုလုပ်သွားမည်ဖြစ်သည်၊၊

 

ယင်း webinarကို မည်သူမဆိုအခမဲ့ တက်ရောက်နိုင်ပြီးhttps://bit.ly/3qfYoEPတွင် စာရင်းသွင်းနိုင်မည် ဖြစ်သည်၊၊

 

Chevening ပညာတော်သင်ဆုအကြောင်း သိကောင်းစရာများကို Webinar တွင် မြန်မာနိုင်ငံမှ Ma Yu Wai၊ U Kyaw Moe Aung ၊ Ma Hnin Thazinsoe တို့မှ ဟောပြောကြမည်ဖြစ်ပြီး "Chevening ပညာ တော်သင်ဆု ရရှိအောင် ဘာတွေဆောင်ရွက်ရမလဲနှင့် ယူကေ၌ ပညာသင်ယူခြင်း"ဆိုသည့် ခေါင်းစဉ်ဖြင့် ဟောပြောသွားမည်ဖြစ်ကြောင်းသိရသည်၊၊

 

Chevening ပညာတော်သင်ဆုတွင် အသက်အရွယ် ကန့်သတ်မှု၊ကိုးကွယ်မှုများ ခွဲခြားထားခြင်းမရှိဘဲ ရည်မှန်းချက်အောင်မြင်လိုသူများ၊ Leadership ပိုင်း စိတ်ဝင်စားသူများနှင့် မိမိနိုင်ငံအတွက် ကောင်းမွန်သော တိုးတက်မှုများရရှိအောင် ဆောင်ရွက်လိုသူများ အနေဖြင့်တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group