#Local_News
Published 17 September 2023

ရွှေတိဂုံစေတီတွင်CCTVအလုံးရေ(၅၀၀)ကျော်တပ်ဆင်ပြီးဘုရားဖူးများကိုလုံခြုံရေးပေးထားကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။

 

ယခင်က ရွှေတိဂုံစေတီတော်ကြီးတစ်ခုလုံးပဲတပ်ဆင်ထားခြင်းဖြစ်ပြီး ယခုအချိန်တွင် အာဇာနည်လမ်းတစ်လျှောက်ရော ရွှေတိဂုံစေတီတော်ကိုဝင်ရောက်သည့် ပတ်ပတ်လည်လမ်းများတွင်ပါ CCTVများဖြင့်လုံခြုံရေးဆောင်ရွက်ပေးထားသည်ဟုဆိုသည်။

 

"အရင်က ရွှေတိဂုံစေတီတော်မှာပဲ CCTVတွေနဲ့ လုံခြုံရေးပေးထားတယ်။အခုတော့ စေတီတော်ကြီးရော စေတီတော်ကိုဝင်တဲ့လမ်းတစ်လျှောက် ပတ်ပတ်လည်မှာရော CCTVတွေတပ်ဆင်ထားပြီးဖြစ်ပါတယ်"ဟု ရွှေတိဂုံဂေါပကအဖွဲ့ဝင်တစ်ဦးကပြောသည်။

 

အရင်တုန်းက CCTVအလုံး၂၀၀ကျော်တပ်ဆင်ခဲ့ပြီးပြီးခဲ့သည့်နှစ်နှစ်အတွင်း အလုံး၃၅၀ကျော်ထပ်တိုးတပ်ဆင်ထားကြောင်း ရွှေတိဂုံလုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ဘုရားလုံခြုံရေးအဖွဲ့နှင့် XRayစက်တွေအသုံးပြုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#tthl #Local_News #ရွှေတိဂုံစေတီ #CCTV အလုံးရေ(၅၀၀)ကျော်တပ်ဆင်ပြီး
#Yangon_Times