Published_ 20 March 2024

သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်များဖြစ်သည့် ဧပြီလ(၁၃)ရက်မှ(၂၁)ရက်အတွင်း  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်၏ ခွင့်ပြုချက်ရယူခြင်းမရှိသည့် ကုမ္ပဏီများမှနိုင်ငံခြားသားများ၏ Business Visaသက်တမ်းမတိုးနိုင်သေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှထုတ်ပြန်လိုက်သည်။

ရုံးပိတ်ရက်ကာလအတွင်း Online Recommendation Letter for Visa Extension WebpageအားSystem Maintenance ပြုလုပ်မည်ဖြစ်၍ Visa သက်တမ်းမတိုးနိုင်သေးခြင်းဖြစ်သည်ဟုဆိုသည်။

ထုတ်ပြန်ချက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် Myanmar Companies Online (MyCO) တွင် ဖွဲ့စည်းထားသည့် ကုမ္ပဏီများအနက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်၏ ခွင့်ပြုချက်ရယူခြင်းမရှိသည့် ကုမ္ပဏီများမှ နိုင်ငံခြားသားများ၏ Business Visa အမျိုးအစားအား ဗီဇာ သက်တမ်းတိုးနိုင်ရေးအတွက် အသုံးပြုလျက်ရှိသည့် Online Recommendation Letter for Visa Extension Webpage အား နှစ်သစ်ကူး ရုံးပိတ်ရက်များဖြစ်သည့် ၁၃-၄-၂ဝ၂၄ ရက် နေ့မှ ၂၁-၄-၂ဝ၂၄ ရက်နေ့အထိ ၉ ရက် အတွင်း System Maintenance ပြုလုပ်မည် ဖြစ်ပါသဖြင့် အသုံးပြု၍ရမည် မဟုတ်ကြောင်း အသိပေးကြေညာအပ်ကြောင်း ဖော်ပြပါရှိသည်။
Yangon Times/tthl
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group