Published_ 25 January 2024

မြန်မာနိုင်ငံတော်ပိုင် လေကြောင်းလိုင်းဖြစ်သော မြန်မာအမျိုးသားလေကြောင်း၏ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များတွင် အသုံးပြု ပျံသန်းပြေးဆွဲသွားမည့် Boeing 737-800 Freighter လေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ညနေက ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ Boeing 737-800 Freighter လေယာဉ်အမှတ် 9M-WCA ၊ Flight No. (3G 005) Cargo လေယာဉ်သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ ထွက်ခွာ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယမန်နေ့ညနေ (၁၅:၂၅) တွင် ဆိုက်ရောက် ခဲ့ခြင်းဖြစ်သည်။

တန်ချိန်အားဖြင့် (၂၂) တန်ခန့် သယ်ဆောင်နိုင်မည့်အပြင် ပုံမှန်လေကြောင်းခရီးစဉ် တွင်သယ်ဆောင်၍မရသော Dangerous Goods များလည်း ပို့ဆောင်နိုင်မည် ဖြစ်ပါသည်။

ရန်ကုန်မြို့မှ အခြေပြု၍ အရှေ့တောင်အာရှနိုင်ငံများသို့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်သည့် ခရီးစဉ်များကို ပိုမိုချဲ့ထွင် ပျံသန်းပို့ဆောင်နိုင်ရန်လည်း စီစဉ်ထားရှိကြောင်း သိရသည်။
Yangon Times/mnn
#Local_News
#Published_ 25 January 2024
#YMG #Yangon_Times #Yangon_Media_Group