#Local_News
Publicshed 1 May 2024

▪️ Basement ၆ ထပ် ဈေးရုံကြီး (၁) ရုံပါရှိသည့် တာမွေအဆင့်မြင့်ဈေးတည်ဆောက်ခြင်းဆိုင်ရာလုပ်ငန်း အကျိုးတူပူး‌ပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ် လက်မှတ် ရေးထိုးလိုက်ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။

 

▪️ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် One One One Co.,Ltd တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်မည့် တာမွေအဆင့်မြင့်ဈေးတည်ဆောက်ခြင်းဆိုင်ရာလုပ်ငန်း အကျိုးတူပူး‌ပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယမန်‌နေ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

▪️ အဆိုပါ တာမွေအဆင့်မြင့်ဈေးတွင် Basement ၆ ထပ် ဈေးရုံကြီး (၁) ရုံ၊ Shophouse ၃ ထပ် အဆောက်အဦ (၃၄) လုံး၊ နို့ဈေး ၂ ထပ်အဆောက်အဦ (၁) လုံး၊ (၁၀) ခန်းတွဲ ၂ ထပ်အိမ်သာ (၁) လုံး၊ 3.5 MVA ဓာတ်အားခွဲရုံ (၁) ရုံ၊ Bin Center (၁) ခုနှင့် ဈေးတာဝန်ခံရုံးခန်းတို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ ယင်းအခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ၊ One One One Co.,Ltd မန်နေဂျင်းဒါရိုက်တာ ဦးရဲရင့်အောင်နှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

▪️ One One One Co.,Ltd မန်နေဂျင်းဒါရိုက်တာ ဦးရဲရင့်အောင်က စီမံကိန်းလုပ်ငန်းများ အား သတ်မှတ်ကာလအတွင်း ကျွမ်းကျင်ပညာရှင်များ၊ ကျွမ်းကျင်သည့်လုပ်သားများဖြင့် ပြီးစီးအောင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းနှင့် စီမံကိန်းဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

▪️ ထို့နောက် တာမွေအဆင့်မြင့်ဈေးတည်ဆောက်ခြင်းဆိုင်ရာလုပ်ငန်း အကျိုးတူပူး‌ပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ်ကို ဈေးများနှင့်ကုန်စည်ပွဲရုံများဌာန၊ ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးသန်းထိုက် နှင့် One One One Co.,Ltd မန်နေဂျင်းဒါရိုက်တာ ဦးရဲရင့်အောင်တို့က စာချုပ်တွင် လက်မှတ်အသီးသီး ရေးထိုးကြပြီးနောက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားအား ရုပ်သိမ်းလိုက် ကြောင်းသိရသည်။

 

#YMG/NN #Yangon_Times