Published 14 January 2024

  ဇန်နဝါရီလ ၁၃ရက် နေ့ ညနေ ၆နာရီ မှ ဇန်နဝါရီလ ၁၄ရက်နေ့ နံနက် ၅နာရီ အထိ သီဆိုဖျော်ဖြေပွဲ ပြုလုပ်ခဲ့သည့် ပီနန်းပြည်နယ် ဘာတာဝပ် ရှိ Bar Club   တစ်ခုတွင် အဆိုတော် အေမိဈာန် နှင့် ဖူးပွင့်ခိုင် တို့၏ ဖျော်ဖြေပွဲ ၌ အော်ပရာစီ ဝင်သွားခဲ့ကြောင်း မလေးရှားရောက် မြန်မာ အလုပ်သမားများထံက သိရသည်။

ဇန်နဝါရီ ၁၃ည ပိုင်း က  ​အော်ပရာစီ ဝင်ရောက်ပြီး ​အဆို​တော်အေမီစျန်နှင့်ဖူးပွင့်ခိုင်တို့  clubမှာသီချင်းဆို​နေစဥ် မ​လေးရှားလဝကမှ ဝင်​ရောက်ဖမ်းဆီးခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ဖမ်းဆီးစဉ် တွင် အ​ထောက်အထားမှန်သူ​များနှင့်အထောက်အထား မမှန်သူများပါ ဖမ်းဆီးသွားခြင်း ဖြစ်ပြီးလော်လီကား ၃စီး​နှင့် တင်ဆောင် ကာ ဂျာဝီးစခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

""အထောက်အထား အပြည့်စုံရှိရင်တောင် မလေးရှား က သရုပ်ပျက် အဝတ်အစား   တွေ
Sexy Dance တွေ ကို လက်မခံဘူး သီချင်းဆိုတာလောက်ကိုတော့ ခွင့်ပေးသေးတယ်၊Sexy Dance တွေ အဝတ်စားတွေကြောင့် Hot ဖြစ်ပြီး ဝင်ဖမ်းတာ ဖြစ်မယ် ဆိုင်ပိုင်ရှင် ဖြေရှင်းတဲ့ အပေါ်မူတည်မှာပေါ့ တော်တော်လေးဖြေရှင်းယူရမှာ""ဟု မလေးရှားရောက်မြန်မာအလုပ်သမားတစ်ဦး ကပြောသည်။

 မလေးရှား တွင် အထောက်အထားမပြည့်စုံသည့် နိုင်ငံခြားသား အလုပ်သမားများ ကို အထူးစီမံချက်ဖြင့် လက်တလော တွင် ဖမ်းဆီးမှု များ ကိူ တနိုင်ငံလုံး အနှံ လုပ်ဆောင်လျက်ရှိရာ ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများလည်းရှိနေသဖြင့်မြန်မာ နိုင်ငံသား အများနေဖြင့် အသွားအလာသတိထား ရန် အတွင် အချင်းချင်း အသိပေးမှုများ မြန်မာလူမှုကူညီရေးအသင်းများက သတိပေးမှု များရှိကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published 14 January 2024
#Yangon_Media_Group #YMG_News #Yangon_Times