#Local_News
Published_ 21 April 2022

 

မလေးရှားနိုင်ငံက မြန်မာနိုင်ငံသို့လှူဒါန်းသော Astrazeneca အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၅ သိန်း doses သည် ဧပြီ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကွာလာလမ်ပူလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ပါတယ်။

 

မလေးရှားနိုင်ငံက လှူဒါန်းသည့် Astrazeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား Malaysia-Myanmar Business Clamber(MMBC) ဥက္ကဌ Ms. Loi Jin Choo ၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးမှ Counsellor, Mr. Muhammad Syukri Bin Azmi နှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းနှင့် တာ၀န်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

 

ရောက်ရှိလာတဲ့ ကာကွယ်ဆေးများကို မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်းတွင် အအေးလမ်းကြောင်းမပြတ် သိုလှောင်ထားရှိမှာ ဖြစ်ပါတယ်။

 

အဆိုပါ Astrazeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်းနှင့် ဦးတည်အုပ်စုအလိုက် ပြည်သူ့ဆေးရုံများနှင့် ကာကွယ်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးသွားမယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ယနေ့အထိ ကာကွယ် ဆေးတစ်ကြိမ်နှင့်အထက် ထိုးနှံပြီးသူဦးရေ ၂၈ ဒသမ ၉၇ သန်းကျော်ရှိပြီး ထပ်ဆောင်းကာကွယ်ဆေး ၁ ဒသမ ၂ သန်း doses ထိုးနှံပြီးဖြစ်ရာ ကာကွယ်ဆေး doses ပေါင်း ၅၂ ဒသမ ၆၅ သန်းကျော် ထိုးနှံပြီးစီးပြီးဖြစ်ကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group.