#Local_News
Published 27 August 2024


▪️ နယ်ချဲ့မှ အိန္ဒိယတွင်မထားရဲ၍ မြန်မာနိုင်ငံသို့ပို့ကာ မန္တလေးထောင်တွင် ထောင်သွင်းအကျဉ်းချခံခဲ့ရသော အိန္ဒိယလွတ်လပ်ရေးလှုပ်ရှားမှု၏ ပထမဦးဆုံးခေါင်း‌ဆောင် ‘လောက်မန်ယာထိလပ်’အကြောင်း စာအုပ်အပါအဝင် စာရေးဆရာဟိန်းလတ်၏ စာအုပ်သစ်နှစ်အုပ်ကို သြဂုတ်လ(၂၅)ရက်၊ ရန်ကုန် ဝန်ကြီးများရုံး Lantern House၌မိတ်ဆက်ထုတ်ဝေခဲ့ကြောင်း သိရသည်။

 

▪️ ဗြိတိသျှကိုတော်လှန်၍ မန္တလေးထောင်တွင်အကျဉ်းကျခဲ့သည့် အဆိုပါ အိန္ဒိယခေါင်း‌ဆောင် ‘လောက်မန်ယာထိလပ်’ အကြောင်းကို ရေးသားထားခြင်းဖြစ်သည်။

 

▪️ စာရေးဆရာဟိန်းလတ်၏‘မြန်မာပြောသော မြန်မာစကား’စာအုပ်နဲ့ အိန္ဒိခေါင်း‌ဆောင်‘လောက်မန်ယာထိလပ်’စာအုပ်တို့ကို မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

 

▪️ အိန္ဒိယခေါင်း‌ဆောင်‘လောက်မန်ယာထိလပ်’ဟာဆိုရင် ဗြိတိသျှနယ်ချဲ့လက်အောက်မှလွတ်မြောက် ရေးအတွက် စတင်တော်လှန်လှုပ်ရှားခဲ့သူဖြစ်သည် ဟုဆိုသည်။

 

▪️ နယ်ချဲ့မှ အိန္ဒိယ၌ပင်မထားရဲသဖြင့်မြန်မာနိုင်ငံသို့ပို့ကာ မန္တလေးထောင်မှာ (၆)နှစ်ထောင်သွင်း အကျဉ်းခံသူ၊ မန္တလေး ထောင်အတွေ့အကြုံတွေအပါအဝင် အိန္ဒိယအမျိုးသားရေးဝါဒီ ဦးဆောင်ပုဂ္ဂိုလ်‘လောက်မန်ယာထိလပ်’အကြောင်းများကို ရေးသားဖော်ပြထားသည့်  စာအုပ်လည်းဖြစ်သည်။

 

▪️ ယင်းအပြင် မြန်မာစာမြန်မာစကားကိုအလေးအမြတ်ပြုတန်ဖိုးထားသူများအတွက် ‘မြန်မာပြောသော မြန်မာစကား’စာအုပ်မှာ ဝေါ်ဟာရ ခက်ဆစ်တွေ၊ မူလဆိုရိုးစကားတွေအပါအဝင် မြန်မာစကား ကြွယ်ဝစေဖို့ စုဆောင်းတင်ပြထုတ်ဝေထားသည်။

 

▪️ စာရေးဆရာဟိန်းလတ်၏ ယင်းစာအုပ်သစ်နှစ်အုပ်ကို ခေတ်စာအုပ်ပုံနှိပ်တိုက်မှ ထုတ်ဝေပေးထားကြောင်း သိရသည်။

 

#YMG/tthl #Yangon_Times