#Local_News
Published_ 21 January 2024


မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲ အကြို လေ့ကျင့်ပြင်ဆင်မှုများကို ဇန်နဝါရီ ၂၀ ရက်နေ့မှ စတင် ပြုလုပ်နေပြီ ဖြစ်ပါတယ်။

 

မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းသည် လက်ရှိအချိန်တွင် အုပ်ချုပ်နည်းပြ ၉ဦး ပဏာမ ကစားသမား ၂၄ ဦးတို့နှင့်အတူ ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ သုဝဏ္ဏ ကွင်းအတွင်းရှိ လက်ရွေးစင် ကစားသမားများ အဆောင်တွင် စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်မှာ ဖြစ်ပါတယ်။

 

ထို့နောက် ဖေဖော်ဝါရီ ၅ ရက်တွင် အင်ဒိုနီးရှား နိုင်ငံ Surabaya မြို့သို့ ထွက်ခွာပြီး ဖေဖော်ဝါရီ ၇ ရက်နှင့် ၉ ရက် တို့တွင် အင်ဒိုနီးရှား ဖူဆယ်လိဂ် ချန်ပီယံ Bintang Timur Futsal Club အသင်းနှင့် လည်းကောင်း၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် Regional East Java Team နှင့် လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

 

#Local_News #မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း #AFC_Futsal_Asian_Cup_2024 #Ymg_mnn #Yangon_Media_Group