#Local_News
Published_ 20 January 2024


၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ဥက္ကဌဖလား ဘတ်စကက်ဘောပြိုင်ပွဲကျင်းပခဲ့ပြီး ပြိုင်ပွဲတွင် ABYSS အသင်းနှင့် မအူပင်-A အသင်းတို့ တံခွန်စိုက်ဒိုင်းဆု အသီးသီးရရှိခဲ့ကြောင်း သိရသည်။

 

အမျိုးသား U-18 (3x3) ဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမရရှိသော မအူပင်အသင်း ၊ ဒုတိယရရှိသော  PYU-A အသင်းနှင့် တတိယရရှိသော PYU-B   အသင်းတို့ရရှိခဲ့သည်။

 

အမျိုးသမီး U-18 (3x3) ဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမရရှိသော ABYSS  အသင်း ၊ ဒုတိယရရှိသော  Prome အသင်းနှင့် တတိယရရှိသော Cobra  Club  အသင်းတို့ရရှိခဲ့သည်။

 

အမျိုးသား(Open)အကောင်းဆုံးအားကစားသမားဆုကို ကျောနံပါတ်(၇) Ba Na  အသင်းမှ အောင်မြင့်၊ အမျိုးသမီး(Open)အကောင်းဆုံးအားကစားသမားဆုကို ကျောနံပါတ်(၂၃) STEEL အသင်းမှ နှင်းစုစုလှိုင်တို့အား မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့်မှ Trophy နှင့်ငွေသားဆုများအားပေးအပ်ချီးမြှင့်ခဲ့သည်။

 

အမျိုးသားအလွတ်တန်းဘတ်စကက်ဘောပြိုင်ပွဲတွင်ပထမရရှိသော Ba Naအသင်း၊ ဒုတိယရရှိသော Neko အသင်းနှင့် တတိယရရှိသော Sam Par Oo အသင်းနှင့်အမျိုးသမီးအလွတ်တန်းဘတ်စကက်ဘောပြိုင်ပွဲတွင်ပထမရရှိသော STEEL အသင်း၊ ဒုတိယရရှိသော Baby -1 အသင်း နှင့် တတိယရရှိသော Baby -2 အသင်းတို့ရှိခဲ့သည်။

 

အဆိုပါ ၂၀၂၄ခုနှစ်၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ဥက္ကဌဖလား ဘတ်စကက်ဘောပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  Main Sponsor အဖြစ် MIS School  မှ အလှူငွေကျပ် (၆၉)သိန်း(၂)သောင်း၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးမြင့်သိန်းမှငွေကျပ် (၂၅)သိန်း၊မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်မှ ငွေကျပ်(၁၀)သိန်း၊ Fu Xing  Brothers Group of  Companies  မှ ငွေကျပ်(၅)သိန်း၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကျော်ကျော်ဝင်းမှ ငွေကျပ်(၁၀)သိန်း၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ဦးထင်လင်းပြည့် မှ ငွေကျပ်(၅)သိန်း၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ဦးဗိုလ်ဗိုလ်လွင် မှ ငွေကျပ်(၃)သိန်း နှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်များနှင့် တွဲဘက်အတွင်းရေးမှူးများမှ  လှူဒါန်းငွေကျပ်(၉)သိန်း၊ စုစုပေါင်း လှူဒါန်းငွေကျပ် (၁၃၆)သိန်း (၂)သောင်းတို့အား ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

#Local_News #အဖွဲ့ချုပ်ဖလားဘတ်စကက်ဘောပြိုင်ပွဲ #တံခွန်စိုက်ဒိုင်းဆုရ #tthl #Yangon_Times