#Local_News
Published 20 August 2024


▪️ နိုင်ငံတော်အရန်ဆန်အမျိုးအစားတွင် ဧည့်မထအပြင် ပေါ်ဆန်းမွှေးဆန် အမျိုးအစား ပါဝင်လာမည်ဖြစ်ပြီး အရန်ဆန်အရေအတွက်ကို အိတ်ရေတစ်သန်းအထိ တိုးမြှင့်သိုလှောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

 

▪️ အဆိုပါဆန်အိတ်ရေများကို ငါးသိန်းမှတစ်သန်းထိ တိုးမြှင့်သိုလှောင်သွားမည်ဖြစ်ကာဆန်အိတ်များ၏ အလေးချိန်မှာ ၁၀၈ ပေါင် သတ်မှတ်ထားပြီး အရန်ဆန် အမျိုးအစားသတ်မှတ်ခြင်းနှင့် ဆန်အိတ်အရေအတွက် တိုးမြှင့်သတ်မှတ် သိုလှောင်ခြင်းတို့ကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)တို့က ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

▪️ ဆန်ဈေးကွက်တည်ငြိမ်စေရေးနှင့် ဝင်ငွေနည်းအိမ်ထောင်စုများထံ ရောင်းချပေးနိုင်ရန်ရည်ရွယ်ထားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)တိုအနေဖြင့် အရန်ဆန်ထားရှိမှု အစီအစဉ်တွင် ပို့ကုန်တစ်တန်လျှင် ဆန်တစ်အိတ်မှ သုံးအိတ်ထိထားရှိရန် သတ်မှတ်ထားကြောင်း သိရသည်။

 

#YMG/NN #Yangon_Times