#Local_News
Published 21 August 2024


▪️ အလွတ်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲ၊ တက္ကသိုလ်အဆင့် ပန်းချီပြိုင်ပွဲနှင့် အခြေခံအဆင့် စာစီစာကုံးပြိုင်ပွဲ အောက်တိုဘာလအတွင်းကျင်းပသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။

 

▪️ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၃ ရက်တွင် ကျရောက်မည့်  အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် “အနာဂတ်မှာ ကြံ့ကြံ့ခံနိုင်ဖို့၊ မျိုးဆက်သစ်တို့ စွမ်းအားမြှင့်တင်စို့” ခေါင်းစဉ်ဖြင့်  အလွတ်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲ၊ တက္ကသိုလ်အဆင့် ပန်းချီပြိုင်ပွဲနှင့် အခြေခံပညာအဆင့် စာစီစာကုံး ပြိုင်ပွဲ ကျင်းပသွားမည် ဖြစ်သည်။ နေပြည်တော်ကျင်းပမည့်  အထိမ်းအမှတ်အခမ်းအနားနေ့တွင် ဆုရရှိသူများကို ဆုငွေနှင့် ဆုတံဆိပ်များ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times