#Local_News
Published 17 August 2024

▪️ အကယ်ဒမီကျော်ဟိန်းဓာတ်ပုံနှင့် သူ၏လက်သုံးစကားများကို ခွင့်ပြုချက်မရှိဘဲတီရှပ်၌ ပုံနှိပ်ပြီးရောင်းချအသုံးပြုမိ၍ တီရှပ်များပုံနှိပ်ရောင်းချသည့်လုပ်ငန်းလုပ်ကိုင်သူဦးအောင်ခန့်ပိုင်မှ နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့် ပြန်တောင်းပန်လိုက်ကြောင်း သိရသည်။

 

▪️ အကယ်ဒမီကျော်ဟိန်းဓာတ်ပုံနှင့် သူ၏လက်သုံး စကားဖြစ်သည့် "လူသားအားလုံးကို လေးစားပါတယ်"ဆိုသည့်စာသားကို တီရှပ်ပေါ်တွင် ရိုက်နှိပ် ထုတ်လုပ်ပြီးရောင်းချခြင်း၊ အမှတ်ရပေးခဲ့ခြင်းများဆောင်ရွက်ခဲ့သည့်အတွက် ပုဏ္ဏကအမည်ဖြင့် တီရှပ်များပုံနှိပ်ရောင်းချသည့်လုပ်ငန်းလုပ်ကိုင်သူ ဦးအောင်ခန့်ပိုင်က အကယ်ဒမီကျော်ဟိန်းနှင့်ပတ်သက်၍ မူပိုင်ခွင့်ရှိသည့် အကယ်ဒမီကျော်ဟိန်း၏ဇနီး ဒေါ်ခင်သန်းနွယ်‌အေးနှင့်မိသားစုဝင်များကို နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့် ပြန်တောင်းပန်လိုက်ခြင်းဖြစ်သည်။

 

▪️ သရုပ်‌ဆောင် အကယ်ဒမီကျော်ဟိန်းနှင့် ပတ်သက်သည့် အနုပညာကိစ္စအဝဝနှင့်တရားတော်များ၊ ဓာတ်ပုံများကို အကယ်ဒမီကျော်ဟိန်း၏ဇနီး PENTA LUCKY Service ကုမ္ပဏီ၏ မူပိုင်ခွင့်အဖြစ်မှတ်ပုံတင်သွင်းထားခြင်းဖြစ်သည်။

 

▪️ သို့ဖြစ်၍ သရုပ်‌ဆောင် အကယ်ဒမီကျော်ဟိန်းနှင့် ပတ်သက်သည့်ရုပ်ရှင်ဇာတ်ကားများ၊တေးသီချင်းများ၊ တေးသီချင်းစာသားများ၊ စာပေဝတ္ထုများ၊ ဓာတ်ပုံများ အစရှိသည့် အနုပညာကိစ္စအဝဝကို ဒေါ်သန်းနွယ်အေးနှင့်သားသမီး(၃)ဦးတို့၏ ခွင့်ပြုချက်မပါဘဲ မသုံးစွဲရန်နှင့် အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်းလည်း နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် အသိပေးကြေညာထားကြောင်းလည်း သိရသည်။

 

#YMG/tthl #Yangon_Times