#Local_News
Published 30 August 2024


▪️ အိမ်သုံးမီတာခများနှင့် လုပ်ငန်းသုံးမီတာခများကို စက်တင်ဘာလ (၁)ရက်နေ့မှစတင်ပြီး တိုးမြှင့်ကောက်ခံ သွားမည်ဖြစ်ကြောင်းလျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒီကနေ့သြဂုတ်လ(၃၀)ရက်တွင် တရားဝင်ထုတ်ပြန် လိုက်ကြောင်းသိရသည်။

 

▪️ ယခုလိုလျှပ်စစ်မီတာခများတိုးမြှင့်ကောက်ခံရသည်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစရိတ်များ နှစ်အလိုက် မြင့်မားလာသောကြောင့် ဓာတ်အားခနှုန်းထားများကို တိုးမြှင့်ကောက်ခံတာဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

 

▪️ အိမ်သုံးအမျိုးအစားလျှပ်စစ်မီတာခအတွက် ဓာတ်အားခကို (၁) ယူနစ်မှ (၅၀) ယူနစ်အထိ ၅၀ ကျပ်၊ (၅၁) ယူနစ်မှ (၁၀၀) ယူနစ်အထိ ၁၀၀ ကျပ်၊ (၁၀၁) ယူနစ်မှ (၂၀၀) ယူနစ်အထိ ၁၅၀ ကျပ်၊ (၂၀၁) ယူနစ်နဲ့အထက် ၃၀၀ ကျပ် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်သည်။

 

▪️ အရင်က အိမ်သုံးလျှပ်စစ်မီတာခတွေဟာ (၁) ယူနစ်မှ (၅၀) ယူနစ်အထိ ၃၅ ကျပ်၊(၃၁)ယူနစ်မှ(၅၀) ယူနစ်အထိ ၅၀ ကျပ်၊(၅၁)ယူနစ်မှ(၇၅)ယူနစ်အထိ ၇၀ ကျပ်၊(၇၆)ယူနစ်မှ(၁၀၀)ယူနစ်အထိ ၉၀ ကျပ်၊ (၁၀၁) ယူစနစ်မှ (၁၅၀)ယူနစ်အထိ ၁၁၀ ကျပ်၊(၁၅၁)ယူနစ်မှ(၂၀၀)ယူနစ်အထိ ၁၂၀ ကျပ်၊ (၂၀၁) ယူနစ်နဲ့အထက် ၁၂၅ ကျပ်သာ ကောက်ခံခဲ့သည့်အတွက် အခုဆိုရင်အိမ်သုံးလျှပ်စစ်မီတာခဟာ နှစ်ဆနီးပါးတိုးမြှင့်သွားမည်ဟုဆိုသည်။

 

▪️ ယင်းအပြင် လုပ်ငန်းသုံးအမျိုးအစားအတွက် တိုးမြှင့်ကောက်ခံသည့် လျှပ်စစ်မီတာခမှာ (၁)ယူနစ်မှ (၅၀၀၀) ယူနစ်အထိ ၂၅၀ ကျပ်၊ (၅၀၀၁)ယူနစ်မှ (၂၀၀၀၀)ယူနစ်အထိ ၄၀၀ ကျပ်၊ (၂၀၀၀၁) ယူနစ်နဲ့အထက် ၅၀၀ ကျပ် တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။

 

▪️ အရင်ကောက်ခံခဲ့သည့် လုပ်ငန်းမီတာခများအဖြစ် (၁)ယူနစ် မှ(၅၀၀)ယူနစ်အထိ ၁၂၅ ကျပ် အနည်းဆုံးမှ (၁၀၀၀၀၁) ယူနစ်နှင့်အထက်ကို တစ်ယူနစ်လျှင် ၁၈၀ ကျပ်ဖြင့်သာ အများဆုံးကောက်ခံခဲ့ခြင်းဖြစ်၍ အိမ်သုံးလျှပ်စစ် မီတာခတွေက (၂)ဆနီးပါး၊ လုပ်ငန်းသုံးမီတာခများမှာမူ (၃)ဆနီးပါး တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/tthl #Yangon_Times