#Local_News
Published_12 May 2024


▪️ ရခိုင်ပြည်နယ်၊ဘူးသီးတောင်ပြည်သူ့ဆေးရုံဝန်းအတွင်းသို့ AA က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ၃ ဦးသေဆုံး ကာ တစ်နှစ်ခွဲအရွယ်နှင့် ၁၀ နှစ်အရွယ်ကလေးများအပါအဝင် ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း နစက သတင်းထုတ် ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

▪️ မေ ၁၁ ရက် ည ၁၁ နာရီ ခန့်အချိန်က ဘူးသီးတောင်မြို့၏ အရှေ့မြောက်ဘက် မီတာ ၂၈၀၀ ခန့်အကွာရှိ ကျောက်ရစ်(ရွာသစ်)ကျေးရွာ ဘက်မှနေ၍ AA က လက်နက်ကြီးဖြင့် ပြည်သူ့ဆေးရုံဝန်း အတွင်းသို့ ပစ်ခတ်ခဲ့ ရာ ပြည်သူ့ဆေးရုံရှိ ဝန်ထမ်းအိမ်ရာ ၄ ထပ်ဆောင်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

▪️ ယင်းကြောင့် ပြည်သူ့ဆေးရုံ ဝန်းအတွင်းနေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူ ၃ ဦး သေ ဆုံးခဲ့ပြီး အသက် ၁ နှစ်ခွဲနှင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ဒေသခံပြည်သူ ၁၀ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြရာ ထိခိုက်ဒဏ်ရာ ရရှိသူများအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကယ် ဆယ် ရေးအသင်းအဖွဲ့များက ဘူးသီးတောင်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

 

▪️ AA အဖွဲ့အနေဖြင့် လူနေရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုမှာ ယခုအကြိမ်အပါအဝင် စုစုပေါင်း ၁၄ ကြိမ်ရှိခဲ့ပြီး ဒေသခံပြည်သူ ၆၀ ဦး သေဆုံးခဲ့ကာ ၁၁၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

#Yangon_Times/PP