လာမယ့် ဇူလိုင်လဆန်းပိုင်းက စတင်ပြီး  ရိုးရိုးဒီဇယ်500ppmကို အပြာရောင်ဖြင့် ဈေးကွက်အတွင်းကို ဖြန့်ဖြူးဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ စက်သုံးဆီတင်သွင်းသို‌လှောင်ဖြန့်ဖြူးရေးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သိရပါတယ် ။ စက်သုံးဆီအမျိုးအစားတစ်ခုဖြစ်တဲ့ ဒီဇယ်500ppmရဲ့ပုံမှန် မူလအ‌ရောင်ကတော့ အဖြူနဲ့အဝါနုရောင်ဖြစ်ပြီး အများပြည်သူအလွယ်တကူ ကွဲပြားခြားနားစွာသိရှိဝယ်ယူသုံးစွဲနိုင်ရေးအတွက် သက်ဆိုင်ရာက အပြာရောင်အဖြစ်သတ်မှတ်ပေးတာဖြစ်ပါတယ်။
#Local_News
Published_ 28 June 2024
#ရိုးရိုးဒီဇယ်500ppm #ဈေးကွက်သို့ ဖြန့်ဖြူး
#NN#Yangon_Times