၁၅ ဧပြီ ၂၀၂၅

မန္တလေးမြို့တွင် ငလျင်ဘေးသင့် ပြည်သူများအား ယာယီဆေးရုံများဖွင့်လှစ်ဆေးကုသမှုများ ဆောင်ရွက်ခဲ့ကြတဲ့ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ ဆေးအဖွဲ့များသည် လုပ်ငန်းများအဆုံးသတ်၍ ဧပြီ ၁၄ရက်တွင် ပြန်လည်ထွက်ခွာသွားခဲ့ကြပါတယ်။

ထိုအဖွဲ့များသည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊လေဆိပ်ဟောင်းနေရာ၌ အခြေပြု၍ယာယီဆေးရုံဖွင့်လှစ်ကာ ဆေးကုသမှုများ ဆောင်ရွက် ပေးခဲ့တဲ့  Lt. Col. Jagneet Gillဦးဆောင်သည့်  အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့နှင့် မန္တလာသီရိ အားကစားကွင်းတွင် အခြေပြု၍ ယာယီ ဆေးရုံဖွင့်လှစ်ကာ ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည် Major General Sergey Voroutsov ဦးဆောင်သည့်ရုရှားဖက်ဒရေးရှင်းနိုင်ငံမှကူညီကယ်ဆယ်ရေးနှင့်ဆေးကုသရေးအဖွဲ့တို့ဖြစ်ကြပါတယ်။

ထိုအဖွဲ့များကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) မှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူတွေက သွားရောက်နှုတ်ဆက်ခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

#ymg/knl

RescueRussia