၅ ဧပြီ ၂၀၂၅

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဧပြီ ၅ရက်က  မလေးရှား နှင့်ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများကို နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa တို့သည် မတ်၂၈ ရက်က မြန်မာနိုင်ငံတွင်လှုပ်ရှားခဲ့တဲ့ ငလျင်ကြီးကြောင့် လူသားချင်း စာနာထောက်ထားမှုအကူအညီများပေးရန်အတွက် ပူးတွဲခရီးစဉ်အဖြစ် နေပြည်တော်သို့ ရောက်ရှိလာခဲ့ ခြင်းဖြစ်တယ်လို့ ဘာနာမား သတင်းအေဂျင်စီက သတင်းရေးသားပါတယ်။

မလေးရှားနှင့်ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့သည် မြန်မာနိုင်ငံခြားရေးဝန်ကြီး သန်းဆွေနှင့်လည်း တွေ့ဆုံခဲ့ ကြပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ မလေးရှားနှင့်ထိုင်း နိုင်ငံခြားရေးဝန်ကြီးများနှင့် ဆွေးနွေးမှုမစတင်မီ ငလျင်ကြောင့် ပျက်စီးပြိုကျခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးရုံးအစိတ်အပိုင်းတွေကို ပြသခဲ့တယ်လို့ သတင်းက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ မလေးရှားနိုင်ငံဟာ နိုင်ငံအဖြစ် ရော အာဆီယံဥက္ကဋ္ဌ အဖြစ်နှင့်ပါ တက်ကြွစွာကူညီမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြော ထားပါတယ်။

#knl/ymg

MTM2MTM3