မတ် ၂၉ ၂၀၂၅

မြန်မာငလျင်ဘေး ကယ်ဆယ်ရေးလုပ်ငန်းများကူညီဆောင်ရွက်ပေးရန်အတွက် အိန္ဒိယအစိုးရက စေလွှတ်လိုက်တဲ့ အဖွဲ့ဝင် ၈၀ ဦးပါဝင်တဲ့ ကယ်ဆယ်ရေးအဖွဲ့သည် ယနေ့ မတ် ၂၉ ရက် ညတွင် အထူးလေယာဉ်နှစ်စီးဖြင့် နေပြည်တော်လေဆိပ်သို့ ဆင်းသက်ရောက်ရှိခဲ့ပါတယ်။

အဆိုပါအိန္ဒိယလေယာဉ်နှစ်စီးသည် ငလျင်ဘေးဒဏ်ခံရပြီးနောက် နေပြည်တော်လေဆိပ်သို့ တိုက်ရိုက် ဆင်းသက်တဲ့ ပထမဆုံးသော နိုင်ငံရပ်ခြား ကယ်ဆယ်ရေးလေယာဉ်ဖြစ်ပါတယ်။

လေယာဉ်မှူးများရဲ့ကျွမ်းကျင်မှုကြောင့်  နေပြည်တော်လေဆိပ်သို့ အခက်အခဲမရှိ ဆင်းသက်နိုင်ခဲ့တယ် လို့ ဆိုပါတယ်။

အဆိုပါ ကယ်ဆယ်ရေးကျွမ်းကျင်အဖွဲ့နှင်ကယ်ဆယ်ရေးပစ္စည်းများကို  နေပြည်တော်မှ မန္တလေးမြို့သို့ နိုင်ငံတော်မှ ရဟတ်ယာဉ်များနှင့်ကားများ ဖြင့် ညတွင်းချင်းဆက်လက်ပို့ဆောင်ပေးခဲ့  တယ်လို့သိရ ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့များ အိန္ဒိယမှဆက်လက်ရောက်ရှိလာဦးမယ်လို့သိရပါတယ်။

@ymg/knl