၂၉ မတ် ၂၀၂၅

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဖုန်းဆက်သွယ်၍ ငလျင်ဒဏ်သင့် မြန်မာနိုင်ငံအတွက် ဝမ်းနည်းစကားပြောကြားခဲ့ပါတယ်။

အဲသလိုပြောကြားခဲ့တာကို မိုဒီက သူ့ရဲ့ ဆိုရှယ်မီဒီယာ X မှာ သတင်းစကား ရေးသားခဲ့တာဖြစ်ပါတယ်။

ငလျင်ရဲ့ အဖျက်အစီးကြောင့် အသက်ဆုံးရှုံးခဲ့ရမှုတွေအတွက် အထူးဝမ်းနည်းကြေကွဲရတယ်လို့ မိုဒီက ဗိုလ်ချုပ်မှူးကြီးကိုပြောပါတယ်။

မြန်မာရဲ့ရင်းနှီးတဲ့ အိမ်နီးချင်းမိတ်ဆွေ နိုင်ငံဖြစ်တဲ့အလျောက် အိန္ဒိယဟာ  ယခုလို ခက်ခဲနေတဲ့ အချိန်မှာ မြန်မာပြည်သူတွေနှင့်အတူ တစ်စည်းတစ်လုံးတည်း ရပ်တည်နေတယ်လို့လည်း မိုဒီကပြောပါတယ်။

ဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်းတွေ၊ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေနှင့် ကယ်ဆယ်ရှာဖွေရေးအဖွဲ့တွေဟာ “ ဘရာမာစစ်ဆင်ရေး” Operation Brahma. ရဲ့အစိတ်အပိုင်းအဖြစ်  ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသတွေကို အလျင်အမြန်စေလွှတ်ထားလျက်ရှိတယ်လို့လည်း မိုဒီက ပြောပါတယ်။