၂၈ မတ် ၂၀၂၅

မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့တွင် လှုပ်ရှားခဲ့သည့် ပြင်းထန်သော ငလျင်ဘေးအတွက်  အိန္ဒိယ  နိုင်ငံအနေဖြင့် ဖြစ်နိုင်သမျှသော ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးရန်အဆင်သင့်ရှိကြောင်း အိန္ဒိယ   ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ပြောကြားလိုက်ပါတယ်။

“ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတွေမှာ လှုပ်ရှားခဲ့တဲ့ ငလျင်ကြောင့် ဖြစ်ပေါ်နေတဲ့ အခြေအနေများအတွက် စိုးရိမ်ပါတယ်။ လူတိုင်းအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြစေဖို့ ဆုတောင်းပေးနေတပါတယ်။အိန္ဒိယအနေနှင့် ဖြစ်နိုင်သမျှသော ထောက်ပံ့ကူညီမှုများအတွက် အဆင် သင့် ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ ဌာနတွေကို အဆင်သင့်လုပ်ထားကြဖို့ မှာကြားထားပါတယ်။ မြန်မာ နိုင်ငံနှင့်ထိုင်းနိုင်ငံတို့နှင့် ချိတ်ဆက်ဆောင်ရွက်ထားရန်လည်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနကို မှာကြားထားပါတယ်” လို့ မိုဒီက ဆိုရှယ်မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။

ယနေ့ မွန်းလွဲ ၁၂နာရီ ၅၀ခန့်က မြန်မာ နိုင်ငံ စစ်ကိုင်းမြို့ ရဲ့ အနောက်မြောက်ဖက် ၁၆ ကီလိုမီတာ အကွာကို ဗဟိုပြုကာ မြေအောက်အနက် ၁၀ ကီလိုမီတာကနေ အင်အား ၇.၇ အဆင့်ရှိ အင်အားပြင်းထန် တဲ့ငလျင်တစ်ခုလှုပ်ရှားခဲ့တာဖြစ်ပါတယ်။ အဲဒီငလျင်ဒဏ်ကို မြန်မာနိုင်ငံတွင်မကဘဲ အိန္ဒိယ၊ တရုတ်၊ ထိုင်း နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများရှိ နေရာအချို့များတွင်ပါ ခံစားခဲ့ရတယ်လို့ သိရပါတယ်။

#ymg/knl

#Source: IndiaToday