၁၂ ဖေဖော်ဝါရီ ၂၀၂၅
ဆယ်အိမ်တန်းကမ်းခြေသို့ လာရောက်လည်ပတ်သူတွေ ယခင်ကထက် များလာပါတယ်။ရခိုင်ပြည်နယ်က ငပလီနှင့် ဧရာဝတီတိုင်းဒေသကြီးက ချောင်းသာနှင့် ငွေဆောင်ကမ်းခြေများသို့ သွားရောက်လည်ပတ်သူတွေ နည်းပါးလာပြီးနောက် ဆယ်အိမ်တန်းကိုလူအလာများလာတာပါ။
ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်ဆယ်အိမ်တန်းကျေးရွာကို ဖြတ်သန်းပြီး ဆယ်အိမ်တန်း ကျေးရွာနှင့် အလယ်ရွာကျေးရွာကြားတွင် ဆယ်အိမ်တန်းကမ်းခြေတည်ရှိပါတယ်။
ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့နယ် နှင့် လှိုင်သာယာ တို့မှ မော်တော်ယာဉ်ဖြင့် ဆယ်အိမ်တန်း ကမ်းခြေ သို့ နှစ်နာရီခွဲနှင့် ရောက်ရှိနိုင်ပြီး ကွမ်းခြံကုန်းမြို့ထဲမှ မိုင် ၂၀ ခန့်သာ ကွာဝေးပါတယ်၊
#mnm/ymg