#Local_News
Published 5 February 2025


▪️ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းမှ  ခြံအမှတ် ၅၄  ဖြစ်သည့် ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အမွေဆိုင်အိမ်အား ယနေ့ဖေဖော်ဝါရီ ၅ ရက်၊ မနက်ပိုင်းတွင် တတိယအကြိမ်လေလံတင်ရောင်းချသော်လည်း လေလံဆွဲဝယ်ယူသူမရှိ ကြောင်းသိရသည်။

▪️ အဆိုပါ ခြံအမှတ် ၅၄ ကို လေလံကြမ်းခင်းဈေးကျပ် ၂၉၇ ဘီလီယံဖြင့် တတိယအကြိမ်မြောက်အဖြစ် လေလံတင်ရောင်းချခဲ့ခြင်းဖြစ်သည်။

▪️ ထိုကဲ့သို့တတိယအကြိမ် လေလံတင်ရောင်းချနိုင်ရန် ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာ ၁၈ ရက် ရုံးချိန်း၌ ကမာရွတ်ခရိုင်တရားရုံးက လေလံကြမ်းခင်းဈေး ကျပ် ၂၉၇ ဘီလီယံအထိ လျှော့ချ သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

▪️ ယင်းခြံကို ပထမဆုံးအကြိမ်အဖြစ် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်ကပြုလုပ်သည့်  လေလံပွဲ၌  ငွေကျပ် ၃၁၅ ဘီလီယံဖြင့်  စတင်ရောင်းချခဲ့ရာ ဝယ်ယူသူမရှိဘဲ လေလံပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။

▪️ အလားတူ ဒုတိယအကြိမ် လေလံတင်ရောင်းချမှုကို ဩဂုတ် ၁၅ ရက်၌  ကျပ်ဘီလီယံ ၃၀၀ ဖြင့် ရောင်းချခဲ့သော်လည်းဝယ်တဲ့သူမရှိခဲ့ကြောင်း၊ ယခုတတိယအကြိမ် လေလံတင်ရောင်းချမှု မအောင်မြင်သည့်အတွက် အဆိုပါလေလံပွဲနှင့်တ်သက်၍  ကမာရွတ်ခရိုင်တရားရုံးသို့ဖေဖော်ဝါရီ ၆ ရက်တွင်  အစီရင်ခံစာ ပြန်လည်တင်သွင်းသွားနည်ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times