Published_ 30 December 2023

ရန်ကုန်မြို့၌ နှစ်သစ်ကူးပွဲတော် New Year Countdown 2024 ကို ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။

အဆိုပါ ပွဲတော်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်၊ ညနေ (၆) နာရီမှ စတင်ကာ ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ်တေးသံရှင်များစွာဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မီးရှူးမီးပန်းပစ်ဖောက်ခြင်း အပါအဝင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သောကြောင့် ပါဝင်ဆင်နွှဲကြရန် ပွဲတော်ကျင်းပရေးကော်မတီက ဖိတ်ခေါ်ထားကြောင်း သိရသည်။
Yangon_Times/NN
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group