#Local_News
Published 1 August 2024

▪️ ရက်ပိုင်းအတွင်း စက်သုံးဆီများ ပြန်လည်ချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်‌တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းမှ ဩဂုတ် (၁)ရက်၌ ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

 

▪️ မိုးကြီးသည့်ကာလဖြစ်သဖြင့် ဆီတင်ကား ဘေးအန္တရာယ် ကင်းရှင်းရန်အတွက် သတိထားမောင်းနှင်ကြသဖြင့် ပုံမှန်အချိန်ထက် ပိုကြန့်ကြာခဲ့ပေမည့် ယခုရက်ပိုင်းအတွင်း စက်သုံးဆီများ ပြန်လည်ချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်‌တော့မည်ဖြစ်သည်ဟုဆိုသည်။

 

▪️ ထုတ်ပြန်ချက်တွင် 
(၁) စက်သုံးဆီများကို အများပြည်သူ အဆင်ပြေအောင်အချိန်နှင့် တစ်ပြေးညီ ဖြန့်ဖြူးပေးနေသည့်အပြင် စက်သုံးဆီများလည်း စဉ်ဆက်မပြတ် ဆီသင်္ဘောများ ရောက်ရှိနေကြပါသည်။

 

▪️ (၂) သို့သော် အခု လောလောဆယ်အချိန်ကာလတွင် ကောလဟာလသတင်းများနှင့် မီဒီယာ တစ်ချို့၏ သတင်းမှားများဖြင့် ဝါဒဖြန့်ချိမှုကြောင့် ရန်ကုန်မြို့အပါအဝင် မြို့ကြီးအချို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် သာမာန်မဟုတ်ဘဲ ၀ယ်လိုအား အထူးမြင့်တက်ခဲ့ပါသည်။

 

▪️ ထို့အပြင် မိုးကြီးသည့်ကာလဖြစ်သဖြင့် ဆီတင်ကား ဘေးအန္တရာယ် ကင်းရှင်းရန်အတွက်  သတိထားမောင်းနှင်ကြသဖြင့် ပုံမှန်အချိန်ထက် ပိုကြန့်ကြာခဲ့ပါသည်။

 

▪️ (၃) ထိုအတွက်ကြောင့် စက်သုံးဆီအရောင်းဆိုင်များတွင် ယာယီ စက်သုံးဆီပြတ်လပ်မှုများကြုံတွေ့ခဲ့ရပါသည်။

 

(၄) ထိုသို့ယာယီ စက်သုံးဆီပြတ်လပ်ခြင်းကြောင့် လူထုစိုးရိမ်မှုက အနည်းငယ် ပိုမိုမြင့်တက်လာခြင်းတို့ကြောင့် ယနေ့ ဖြစ်ပျက်နေသည့် အခြေအနေဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

 

▪️ (၅) ထို့အပြင် မတည်ငြိမ်သည့်ဒေသများမှ ပြောင်းရွှေ့လာသူအများစုသည် မြို့ကြီးများ‌သို့ရောက်ရှိလာသည့်အတွက်   စက်သုံးဆီလိုအပ်ချက်ကလည်း မြို့ကြီးများတွင် ပိုမိုခဲ့ပါသည်။

 

▪️ (၆) သီလဝါရှိ စက်သုံးဆီ သိုလှောင်ကန်များတွင်လည်း စက်သုံးဆီလုံလောက်စွာရှိသည့်အပြင် နိုင်ငံခြားမှ စက်သုံးဆီတင်သွင်းလာသည့် သင်္ဘောများလည်း စဥ်ဆက်မပြတ်ဝင်ရောက်လျှက်ရှိပါသည်။

 

▪️ (၇) ထိုကြောင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း အနေဖြင့် စက်သုံးဆီပိုမို လျင်မြန်စွာ ဖြန့်ဖြူးပေးနိုင်ရန် လိုအပ်ချက်များကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေကြသဖြင့် ရက်ပိုင်းအတွင်း စက်သုံးဆီများ ပြန်လည်ချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း သတင်းပေးကြေငြာအပ်ကြောင်း ဖော်ပြထားသည်။

 

#YMG/tthl #Yangon_Times