#Local_News
Published 1 August 2024


▪️ ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်  မိုးစပါးသီးနှံဧက ၉ ဒသမ ၆ သိန်း ကိုနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ၁၉၂ ဒသမ ၇၁၀ ဘီလီယံနီးပါးကို အသုံးပြု၍  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

 

▪️ ပြီးခဲ့သည့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌  နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင်စုစုပေါင်းငွေကျပ် ၁၇၄ ဒသမ ၁၈ ဘီလီယံသုံးစွဲနိုင်ပြီး ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်းအား ဆောင်ရွက်ခဲ့ရာ ချေးငွေများအားလုံးလည်း ပြန်လည်ရရှိပြီး ဖြစ် ကြောင်း၊အဆိုပါချေးငွေ ပြန်လည်ကောက်ခံရရှိငွေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်များ၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် မိုးစပါး စီမံကိန်းကို ငွေကျပ် ၁၃၄ ဒသမ ၂၁၃ ဘီလီယံ အသုံးပြုဆောင်ရွက်ခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နွေစပါးစီမံကိန်းကို ငွေကျပ် ၁၄၇ ဒသမ ၈၉၇ ဘီလီယံ အသုံးပြု၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

▪️ ထို့အပြင် လက်ရှိ  ဘဏ္ဍာနှစ်အတွင်း၌ မိုးစပါးသီးနှံကို နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး စသည့် ဒေသများတွင်  ဆောင်ရွက်သွားမည် ဖြစ်ပြီး မိုးမြေပဲ သီးနှံစိုက်ပျိုးခြင်းကို နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး စသည့် နေရာဒေသများတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စုစုပေါင်းစိုက်ပျိုးဧက ၁ ဒသမ ၀၈ သိန်းကို စိုက်ပျိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times