၁ ဩဂုတ် ၂၀၂၄

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ကမ္ဘောဒီးယားသို့ ရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဟာ ဒီကနေ့မနက်ပိုင်း မှာ  ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာ ဟွန်မန်နက်နှင့်တွေ့ဆုံပါတယ်။ မွန်းလွဲပိုင်းမှာ  ဟွန်မန်နက်၏ ဖခင်ဖြစ်တဲ့ ကမ္ဘောဒီးယား ဆီးနိတ် ဥက္ကဋ္ဌ ဟွန်ဆန်နှင့်လည်းဆက်လက်တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံမှုအသေးစိတ်ကိုတော့ သတင်းမရရှိသေးပါဘူး။

ဝန်ကြီးဦးကိုကိုလှိုင်ဟာ ယမန်နေ့က ကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

@ymg/knl