၃၁ ဇူလိုင် ၂၀၂၄

နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေကို နောက်ထပ် ၆ လတိုးမြှင့်သတ်မှတ်ကြောင်း ယနေ့ ဇူလိုင် ၃၁ရက်တွင် နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံးတွင်းကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး ၂/၂၀၂၄ က ဆုံးဖြတ်ခဲ့တယ်လို့ နစက,က သတင်းထုတ်ပြန်ပါတယ်။

ယာယီသမ္မတ(တာဝန်)တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တက်ရောက်လာတဲ့ အမျိုးသား  ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံးက ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)ခုနှစ် ပုဒ်မ၄၂၅ နှင့်အညီ *နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေအနေ ကြေညာ ထားသည့် ကာလကိုနောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြာင်း" တစ်ညီ တစ်ညွတ်တည်း ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အစည်းအဝေးသို့ ယာယီသမ္မတ(တာဝန်)တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချပ် ကာကွယ်ရေးဦးစီးချပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊  အထူး ဖိတ်ကြားထားသည့် နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး   ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

0 02 06 3efa98d6b76b07c9034876df533b0a8db830358d9c846a789dffe66ba634f555 2143b62604c

အစည်းအဝေးတွင် နစကအနေဖြင့်အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးကို အန္တိမရည်မှန်းချက်အဖြစ် ချမှတ်ထားမှုအခြေအနေများ၊ ရွေးကောက်ပွဲအား အရေးပေါ် ကာလကြေညာပြီး(၂)နှစ်ပြည့်မြောက်သည့်အချိန်တွင်ကျင်းပရန် ရည်ရွယ်ဆောင်ရွက်ခဲ့သော်လည်း ဆူပူအကြမ်းဖက်မှုများကြောင့် ဆောင်ရွက်နိုင်ခဲ့မှုမရှိသည့် အခြေအနေများ၊ နိုင်ငံတော် အတွင်း တည်ငြိမ်အေးချမ်းမှုရှိအောင်ဆောင်ရွက်နေမှုအခြေအနေများစသည်တို့ကိုတင်ပြခဲ့၍အကြမ်းဖက်လုပ်ရပ်များကြောင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရန်လိုအပ်နေမှုအခြေအနေများ! ရွေးကောက်ပွဲကျင်းပရာတွင် ခိုင်လုံ  မှန်ကန် သောမဲစာရင်းများရရှိရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း  ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက် ရန်မဖြစ်မနေလိုအပ်နေသည့် အခြေအနေများကြောင့်လုပ်ဆောင်ရမည့်လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ ၆ လသက်တမ်းတိုးမြှင်းပေးရန်  ဖွဲ့စည်း ပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ တင်ပြခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

@ymg/knl