#Local_News
Published 30 July 2024


▪️ ရွှေပြည်သာမြို့နယ်ရှိ မွမွလေးအကြော်စက်ရုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း နာရီဝက်နီးပါး မီးငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ဇူလိုင်(၃၀)ရက် မနက် ၀၇ ၁၅အချိန်ခန့်က မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး  ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငမိုးရိပ်လမ်းတွင် မွမွလေးအကြော်စက်ရုံ၌  မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

▪️ အဆိုပါ မီးလောင်ကျွမ်းမှုအားရွှေပြည်သာမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်သတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၀၇ ၂၉ အချိန် မီးထိန်းနိုင်ကာ၀၇ ၃၅ အချိန် မီးငြိမ်းကြောင်း သိရသည်။

 

#YMG/tthl #Yangon_Times