#Local_News
Published 29 July 2024


▪️ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် မြစ်ရေကြီးမှုဖြစ်ပေါ်နေသည့် နေရာများရှိ ပြည်သူများအား ကျပ်သိန်းတစ်ရာကျော် ကိုမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှလှူဒါန်းခဲ့ကြောင်းသိရသည်။

 

▪️ အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် မြစ်ရေကြီးမှုဖြစ်ပေါ်နေသည့် နေရာများရှိ ပြည်သူများအား ထောက်ပံ့လှူဒါန်းရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ဦးဆောင်မှုဖြင့် အနုပညာရှင်များနှင့် ရုပ်ရှင်ချစ်သူများ စုပေါင်းလှူဒါန်းမှု ရန်ပုံငွေမှ  ကချင်ပြည်နယ်မြစ်ကြီးနားအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ရုပ်ရှင်ထုတ်လုပ်သူနှင့်  ရုပ်ရှင်ရုံလုပ်ငန်းရှင်အချို့မှ စုပေါင်းလှူငွေ ကျပ်၁၂သိန်း ၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ က​လေးဝ၊ မင်း​ကင်း၊ ကနီ၊ ကသာ၊ က​လေး၊ မုံရွာအတွက်  ​ကျပ်သိန်းငါးဆယ်၊ မွန်ပြည်နယ်အတွက်ကျပ်ဆယ်သိန်းတို့အား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းနှင့်ပြည်နယ်ဗီဒီယို အခြေခံ အဖွဲ့များမှတစ်ဆင့် ပေးပို့လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်များသို့ ငွေကျပ် ဆယ်သိန်းစီ ဆက်လက်ပေးပို့နိုင်ရန် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

▪️ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသည် ယနေ့ အထိလက်ခံရရှိခဲ့သောအလှူငွေ ကျပ်တစ်ရာ့ရှစ်သိန်းခြောက်သောင်းကိုးရာအနက် ကျပ်ကိုးဆယ့်နှစ်သိန်းငါး‌သောင်းနှင့် ရုပ်ရှင်နှင့်ထုတ်လုပ်သူ လှူဒါန်းငွေ ကျပ်ကိုးသိန်းခွဲ၊ စုစုပေါင်း ကျပ်တစ်ရာ့နှစ်သိန်းကိုရေဘေးအတွက် လှူဒါန်းပြီးဖြစ်ကြောင်းလည်း သိရသည်။

 

#YMG/NN #Yangon_Times