#Local_News
Published 27 July 2024

▪️ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ကုန်းကျေးရွာနှင့် ညောင်နီကျေးရွာတွင် ယနေ့မနက်ပိုင်းက လေဆင်နှာမောင်း တိုက်ခတ်မှုထပ်မံဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ဇူလိုင်၂၇ ရက်နေ့၊မနက် ၆ နာရီအချိန်ခန့်တွင် ကွမ်းခြံကုန်းမြို့နယ်မီးသတ်စခန်းနှင့် ကော့မှူးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲသူရိန်(စမ်းချောင်း)အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မုဒိတာလူမှုကူညီရေးအသင်း၊ သောင်ခုန်မေတ္တာမွန်လူမှုကူညီရေးအသင်း၊ စိတ္တသုခ(တွံတေး)လူမှုကူညီရေးအသင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

 

▪️ ယမန်နေ့ဇူလိုင်၂၆ ရက်နေ့၊ မနက်၄ နာရီ ၄၄ မိနစ်အချိန်ခန့်ကလည်း  ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ကုန်းကျေးရွာနှင့် ညောင်နီကုန်းကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ပွါးခဲ့ရာ ကွမ်းခြံကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ကော့မှူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရ‌ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times